လေ့ကျင့်ခန်းတွေကို နေ့စဉ်ရက်ဆက်မနားမနေလုပ်ပြီးပြောင်းလဲလာခဲ့တဲ့ သူမရဲ့ခန္ဓာကိုယ်လေးကို ထုတ်ကြွားလာတဲ့ စံရတီမိုးမြင့်

ပရိသတ်ကြီးရေ သရုပ်ဆောင် စံရတီမိုးမြင့်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ကျရာနေရာကနေ ပါဝင်သရုပ်ဆောင်ရင်း အားလုံးရဲ့ ချစ်ခင် အားပေးမှုတွေကို သိမ်းပိုက်ရရှိထားသူတစ်ဦး ဖြစ်ပါတယ်နော်။ ဗီဒီယိုဇာတ်ကားလောကမရှိတော့ပေမယ့်လည်း ကြော်ငြာေ လးတွေတော့ လက်ခံရိုက်ကူးနေရဆဲပါပဲနော်။

သဲ လို့ အများက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ သရုပ်ဆောင် စံရတီမိုးမြင့်ကတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေ မရှိသေးတာကြောင့် သေးသွယ်လှပတဲ့ ကိုယ်လုံးလေးဖြစ်အောင် Gym သွားပြီး နေ့စဉ်လေ့ကျင့်ခန်းတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ မနေ့ညကတော့ စံရတီမိုးမြင့်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် နေ့စဉ်ရက်ဆက် လေ့ကျင့်ခန်းတွေလုပ်ပြီး ပြောင်းလဲလာတဲ့ ရလာဒ်လေးကို ပရိသတ်တွေအား ချပြလိုက်ပါပြီနော်။

သူမကလည်း ” အမြဲပြောင်းလဲနေရတာကြိုက်တယ်..သူများတွေမဖြစ်နိုင်ဘူးပြောရင် ကိုယ်ပိုရအောင်လုပ်တယ်.. မဖြစ်နိုင်တာဘာမှမရှိဘူး..မဖြစ်သေးတာနဲ့ ကိုယ်မလုပ်နိုင်သေးတာပဲရှိတယ် ” ဆိုပြီး ရေးထားတာ ဖြစ်ပါတယ်နော်။ ကဲ ပရိသတ်ကြီးလည်း ချပ်ရပ်လှပပြီး အမိုက်စားခန္ဓာကိုယ်လေးဖြစ်သွားတဲ့ စံရတီမိုးမြင့်ရဲ့ အလှပုံလေးကို အားပေးကြည့်ရှုကြပါဦးနော်။

Credit