မြန်မာစစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေး တက်ခွင့်မပြုဖို့ အာဆီယံဆုံးဖြတ်

အောက်တိုဘာလ ၂၆ ရက်နေ့မှာ စတင်ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးကို မြန်မာစစ်ခေါင်းဆောင်တွေ တက်ရောက်ခွင့် မပြုဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက ဒီနေ့ ဆုံးဖြတ်လိုက်တယ်လို့ NKH သတင်းဌာနက ကြားဖြတ်သတင်းအဖြစ် ဖော်ပြလိုက်ပါတယ်။

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေး တက်ခွင့်ပြု၊ မပြု ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျန်တဲ့ အာဆီယံကိုးနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး‌တွေ အောက်တိုဘာ ၁၅ ရက် ဒီနေ့ အွန်လိုင်းဗီဒီယိုအစည်းအဝေး ပြုလုပ်ခဲ့ကြတာပါ။

နှစ်နာရီကျော်ကြာ ပြုလုပ်ခဲ့တဲ့ ဒီအစည်းအဝေး ဆုံးဖြတ်ချက်ကို မနက်ဖြန်စနေနေ့မှာ လက်ရှိ အာဆီယံအလှည့်ဥက္ကဋ္ဌဖြစ်တဲ့ ဘရူနိုင်းနိုင်ငံက တရားဝင် ထုတ်ပြန်ကြေညာမယ်လို့ မလေးရှားနိုင်ငံခြားရေးဌာန ပြောခွင့်ရသူနဲ့ ဒေသတွင်းသံတမန်တစ်ဦးကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ အစည်းအဝေးမှာ ဘာတွေဆွေးနွေးခဲ့ကြသလဲ ဆိုတဲ့ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

ရှေ့သီတင်းပတ်အတွင်း အာဆီယံအထူးသံတမန် Erywan Yusof မြန်မာနိုင်ငံ သွားရောက်နိုင်ရေးအတွက် အစည်းအဝေးမှာ ဆွေးနွေးကြမှာလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ရိုက်တာသတင်းဌာနကို ဒီနေ့မနက်ပိုင်းက ပြောပါတယ်။ တကယ်လို့ ဒီကိစ္စ တိုးတက်မှုမရှိဘူးဆိုရင် မြန်မာစစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေး တက်ခွင့်မပြုဖို့ မလေးရှားရဲ့ သဘောထား ပြောင်းလဲမှာ မဟုတ်ဘူးလို့လည်း ပြောဆိုထားပါတယ်။

Credit

File Photo: AFP