မက်ဂွိုင်းယားဦးဆောင်တဲ့ ခံစစ်အမှားတွေကြောင့် ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ မန်ယူနိုက်တက် (ပွဲပြီးသုံးသပ်ချက်)

ယူနိုက်တက်အသင်းကတော့ လက်စတာအသင်းကို လေးဂိုး နှစ်ဂိုး ဆိုတဲ့ ရလဒ်နဲ့ အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ပါတယ်။ ယူနိုက်တက်အတွက်ညစိတ်ပျက်စရာတွေ အပြည့်နဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပြီး ယခုရလဒ်က ဆိုးရှားလ် နှုတ်ထွက်ဖို့ လုံလောက်တဲ့အ‌ ကြောင်းပြ ချက်လို့ဘဲ ပြောရမှာပါ။

ယခုပွဲစဉ်မှာ ‌ဒဏ်ရာကြောင့် မပါ၀င်နိုင်ဖူး‌လို့ ပြောနေကြတဲ့ မက်ဂွိုင်းယားကို လူစာရင်းမှာ ထည့်ခဲ့ပါတယ်။ ဗာရန်းရဲ့ ဒဏ်ရာပြဿနာကြောင့် လင်ဒီလော့ ပါ၀င်လာပြီး ပုံမှန်အတိုင်း ညာနောက်ခံလူအဖြစ် ဘစ်ဆာကာ၊ ဘယ်နောက်ခံလူ အဖြစ် လုခ်ရှောတို့ကို ပွဲထုတ်ခဲ့ပါတယ်။

ကွင်းလယ်မှာတော့ လက်စတာရဲ့ တန်ပြန်တိုက်စစ်တွေ အတွက် ထင်တဲ့ အတိုင်း မာတစ်ထည့်ခဲ့ပြီး ပေါ့ဘာ၊ ဘရူနိုတို့ ပါ၀င်ပါတယ်။ တိုက်စစ်မှာ ရော်နယ်ဒိုပါ၀င်ခဲ့ပြီး ညာတောင်ပံမှာ ဂရင်းဝုဒ်၊ ဘယ်တောင်ပံမှာ ဆန်ချိုတို့ကို ပွဲထုတ်ခဲ့ပါတယ်။

၁၉ မိနစ်မှာ ဂရင်းဝုဒ်ရဲ့ ဧရိယာထိပ်က လှပတဲ့ rocketဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ၃၁မိနစ်မှာပဲ တိုက်လီမန်းရဲ့ ချေပဂိုးကို မက်ဂွိုင်းယားရဲ့ အမှားကနေ ပေးလိုက်ရပါတယ်။ ပထမပိုင်းမှာ သရေ ရလဒ်နဲ့ ွ ဒုတိယပိုင်း ၇၈ မိနစ်မှာ ဆိုယွန်ကူရဲ့ အနီးကပ် ပိတ်သွင်းမှုကို မန်ယူအသင်းခံလိုက်ရပြီး ရှုံးနိမ့်နေခဲ့ပါတယ်။

 

ဆိုးလ်ရှားဟာ ကစားပုံကျလာတဲ့ မာတစ်နဲ့ ဂရင်းဝုဒ်တို့ကို တော်မီနေးနဲ့ လင်ဂတ်နဲ့ အစားထိုးကာ တိုက်စစ်ကို မြှင့်ကစားခဲ့ပါတယ်။ မန်ယူအသင်းအတွက် ချေပဂိုးကို ဒါးလော့ဒ်ရဲ့ လှပတဲ့ ​ဖြတ်တင်ဘောနဲ့ အတူ ရက်ဖို့ဒ်အနေနဲ့ အကောင်းဆုံးကန်သွင်းပြီး ရယူခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ လက်စတာအနေနဲ့ ၁မိနစ်တောင် သရေကျမခံပဲ ဗာဒီက လက်စတာအတွက် ဦးဆောင်ဂိုးကို ထပ်မံရယူခဲ့ပါတယ်ဲဲ။ ပွဲ ပြီးခါနီး အချိန်ပိုမှာပဲ မန်ယူအသင်းရဲ့ မျှော်လင့်ချက်ကို ဒါကာ ကရိုက်ချိုးဖျက်စီးကာ မန်ယူအသင်းကို ၄ -၂ နဲ့ အိမ်ရှင်ပီပီ လက်စတာတို့ ထိုက်ထိုက်တန်တန်အနိုင်ရခဲ့ပါတယ်။ မန်ယူအသင်းကတော့ ၂၉ ပွဲဆက် အဝေးကွင်းရှုံးပွဲမရှိသေးတဲ့ စံချိန်ကျိုးပျက်ခဲ့ပါပြီ။

ဒီ အရှုံးရလဒ်မှာတော့ အပြစ်ပြောစရာ အများကြီး ရှိပေမယ့် တရားခံဘယ်သူလဲမေးရင် ဆိုးရှားလ်ကိုဘဲ လက်ညိုးထိုးပြရမှာပါ။ ယူနိုက်တက်က ဆိုးရှားလ် လက်ထက်မှာ အတက်အကျက ကြီးလွန်းတယ်လို့ဘဲ ပြောရမှာပါ။

နောက်တန်းက ကစားပုံနှေးလွန်းတာကို လက်စတာတို အခွင့်ကောင်းယူသွားတယ်လို့ ပြောရမှာပါ။ မက်ဂွိုင်းယားအနေနဲ့ ယခုရာသီမှာ အမှားတွေ များလွန်းပြီး သူတို့အမှားတွေက ဂိုးသမားဒီဂီယာကိုတောင် အားနာရမလို ဖြစ်နေပါတယ်။

ဆန်ချိုရဲ့ အတိုးအလှုပ်တွေက တိုးတက်လာတယ်လို့ ပြောလို့ရပြီး ရက်ဖိုဒ့်ရဲ့ သွင်းဂိုးကလည်း အားတက်စရာပါ။ ဒါပေမယ့် ကစားပုံက အားရစရာမကောင်းလှပါဘူး။ ဒီပွဲစဉ်မှာ ပရိတ်သတ် တွေ အားရစရာ ကစားပုံမျိုး ပုံမဖော်နိုင်ဘဲ လက်စတာပြုသမျှ နုခဲ့ရပါတယ်။

ယခုပွဲစဉ်ရဲ့ အရှုံးရလဒ်က ယူနိုက်တက်ရဲ့ ဖလားမျှော်လင့်ချက်ကို တစ်ဖြေးဖြေးနဲ့ ဝေးကွာလာခဲ့ရပါတယ်။ ယခုရာသီမှာ ဒီနည်းပြ ဒီပုံစံအတိုင်း ဆက်သွားရင် ယူနိုက်တက်အဆင့်က တစ်ဖြေးဖြေးနဲ့ ကျဆင်းသွားမှာ အသေအချာပါ။

crd-TSSoe