မန်ယူအသင်းရဲ့စွမ်းဆောင်ရည်ကို စပယ်ရှယ်ပလန်နဲ့ ထိထိမိမိ ဒဲ့ဆော်လိုက်တဲ့ – ဂယ်ရီနဗီးလ်

ယူနိုက်တက် ဂန္တဝင် ဂယ်ရီ နဗီးလ် ကတော့ လက်စတာ စီးတီး အသင်းကို 4 – 2 ဆိုတဲ့ ရလဒ် နဲ့ စိတ်ပျက်ဖွယ် ရှုံးနိမ့်ခဲ့တဲ့ အသင်းဟောင်းရဲ့ စွမ်းဆောင်ရည်တွေ အပြစ်တင်လိုက်ပြီး အသင်းရဲ့ ကစားပုံဟာ လုံလောက်စွာ ကောင်းမွန််တာနဲ့ နီးစပ်လှတဲ့ အနေအထား တစ်ရပ်မှာတောင် မရှိခဲ့ကြောင်း ပြောကြားသွားခဲ့လိုက်ပါတယ် ။

ယူနိုက်တက်တို့ဟာ မနေ့ညက ဂရင်းဝုဒ်ရဲ့ ဂိုးနဲ့ ပွဲစဥ်ကို ဦးဆောင်နိုင်ခဲ့ပေမဲ့ တိုင်လီမန်း ၊ ဆိုယွန်ကူတို့ရဲ့ ဂိုးကြောင့် ပွဲစဥ်ကို နောက်ကလိုက်ကစားခဲ့ရပြီး ရပ်ရှ်ဖို့ကြောင့် ပြန််လည် ခြေပနိုင်ခဲ့ကြပါတယ် ။ ဒါပေမဲ့ ဗာဒီ ၊ ဒါကာ တို့ကြောင့် 29 ပွဲ အကြာမှာ အဝေးကွင်း ရှုံးပွဲ ကြုံတွေ့သွားခဲ့တာပဲ ဖြစ်ပါတယ် ။

အဆိုပါ ပွဲစဥ် အပြီးမှာတော့ ဂယ်ရီ နဗီးလ် က အသင်းဟောင်းဟာ ဖိအားပေး ကစားရေးမှာ အားနည်းချက် ရှိခဲ့ကြောင်း ၊ ယူနိုက်တက် တို့ဟာ ခံစစ် အခြမ်းမှာ ကစားပုံ ကောင်းတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရာမှာ ထိုးဖောက်ကစားနိုင်စွမ်း မရှိသေးကြောင်း အားနည်းချက်တွေကိုလည်း ထောက်ပြသွားခဲ့လိုက် ပါတယ် ။

” သူတို့ရဲ့ ကစားပုံက လုံလောက်စွာ ကောင်းမွန်ပါတယ် ဆိုတာနဲ့ နီးစပ်တဲ့ အနေအထား တစ်ရပ်မှာတောင် မရှိခဲ့ပါဘူး ။ သူတို့တွေက ကိုယ့်ရဲ့ ဧရိယာ အခြမ်းဖက်မှာ ခံစစ် ကစားပုံ ကောင်းမွန်ကြတဲ့ ပြိုင်ဖက်အသင်းတွေနဲ့ တွေ့ဆုံရတဲ့ အခါတိုင်း အနိုင်ယူဖို့ ရုန်းကန်ရလေ့ ရှိခဲ့တာ အခုထိပါပဲ ”

” အသင်းရဲ့ စွမ်းဆောင်ရည်က တစ်ရာသီလုံး ညံ့ဖျင်းနေခဲ့ရပါတယ် ။ သူတို့ ခမ်းနားတဲ့ ဂိုးအချို့တော့ သွင်းယူနိုင်ခဲ့ကြပါသေးတယ် ။ ဒါပေမဲ့ စွမ်းဆောင်ရည် အားလုံးကို ခြုံကြည့်လိုက်ရင်တော့ အမြဲတမ်း ညံ့ဖျင်းနေခဲ့တာချည််းပါပဲ ။ သူတို့ရဲ့ ကစားပုံက နုံချာစုတ်ပဲ့နေခဲ့ပါတယ် ”

” သူတို့တွေဟာ ခံစစ် စုဖွဲ့ကစားပုံ ကောင်းတဲ့ အသင်းနဲ့ ရင်ဆိုင်တဲ့ အခါတိုင်း ဖြိုခွဲခံလိုက်ရတာချည်း ပါပဲ ။ သူတို့တွေဟာ အဲဗာတန် က သူတို့ကို ဖြိုခွဲခဲ့တယ် ၊ ဗီလာက သူတို့ကို ဖြိုခွဲခဲ့တယ် ၊ ဗီလာရီးယဲ ကလည်း သူတို့ကို ဖြိုခွဲခဲ့တာပါပဲ ။ ဒီနေ့ လက်စတာ ကလည်း ခံစစ် ကစားပုံ ကောင်းကောင်းနဲ့ တုန့်ပြန်ခဲ့ပါတယ် ”

” ဘောလုံးပိုင်ဆိုင်မှု မရတဲ့ အချိန်မှာ သူတို့ဟာ လုံလောက််စွာ ကောင်းမွန်တယ်ဆိုတာနဲ့ နီးစပ်တဲ့အနေအထားတစ််ရပ်မှာတောင် မရှိနိုင်ခဲ့ကြပါဘူး ။ ဇယားထိပ်ပိုင်းမှာ ရှိနေတဲ့ အသင်းတွေအနက် သူတို့တွေဟာ ဖိအားပေး တိုက််စစ်ဆင် ကစားရာမှာ အညံ့ဆုံး အသင်းပဲ ဖြစ်ကြပါတယ် ။ သူတို့ မဖိတတ်ကြပါဘူး ” လို့ နဗီးလ် က ပေါက်ကွဲခဲ့လိုက််ပါတယ် ။

အဲ့ဒီနောက် အသင်းမှာ တိုက်စစ် ကစားသမား ၊ ဖန်တီးမှု ကောင်းတဲ့ ကစားသမားတွေချည်း များခဲ့တာက ခံစစ်ကို ဖရိုဖရဲ ဖြစ်စေခဲ့ကြောင်း ၊ ဆိုးလ်ရှား နဲ့ ကစားသမားတွေအပေါ် ရှေ့ဆက် ဖိအားတွေ အများကြီး ကျရောက်သွားတော့မှာ ဖြစ်ကြောင်း နဗီးလ်က သတိပေး စကားပါ ပြောကြားသွားခဲ့လိုက်ပါတယ် ။

” လက်စတာနဲ့ ပွဲမှာ ရွေးချယ်ခဲ့တဲ့ ကစားသမား စာရင်းကို ကျွန်တော်တို့ မြင်တွေ့ခဲ့ကြပါတယ် ။ အသင်းမှာ ဂရင်းဝုဒ် ၊ ရော်နယ်ဒို ၊ ပေါ့ဂ်ဘာ ၊ ဆန်ချို နဲ့ ဘရူနို တို့ ပါဝင်ခဲ့ကြ ပါတယ် ။ အဲ့လို အသင်းမျိုးမှာတော့ ကျွန်တော်သာ ဆိုရင် ခံစစ်မှူး သွားလုပ်နေမှာ မဟုတ်ပါဘူး ။ 100 ရာခိုင််နှုန်း သေချာလှပါတယ် ။ ဖိအားတွေဟာ မန်နေဂျာ နဲ့ ကစားသမားတွေ အပေါ်မှာ အများကြီး ရှိနေပါတော့မယ် ”

” သူတို့ မန်နေဂျာကိုတော့ ဘာမှ လုပ်မှာမဟုတ်လောက်ပါဘူး ။ လွန်ခဲ့တဲ့ 10 နှစ်အတွင်းမှာ လက်ရှိ အသင်းက အတည်ငြိမ်ဆုံး ဖြစ်နေခဲ့တယ်လေ ။ ဒီလို အခိုက်အတန့်တွေ ဖြတ်သန်းရမယ်ဆိုတာ သူတို့လည်း တွက်ဆထားမှာပါ ” လို့ နဗီးလ် က အဆုံးသတ်မှာ ဆိုးလ်ရှားဖက်က ကာကွယ်သွားခဲ့လိုက်ပါတယ် ။

Crd-Sports_Myanmar