မြနှင်းရည်လွင်ရဲ့ လုပ်ရပ်တွေကို ပေါ်ပင်လုပ်တယ်ဆိုပြီးဝေဖန်ခဲ့မိတဲ့စာရေးဆရာတဦး ကိုယ့်ကိုယ်ကို သိမ်ငယ်မိတယ်လို့ဆိုက ပြန်တောင်းပန်…

မြနှင်းရည်လွင်ရဲ့ လုပ်ရပ်တွေကို ပေါ်ပင်လုပ်တယ်ဆိုပြီးဝေဖန်ခဲ့မိတဲ့စာရေးဆရာတဦး ကိုယ့်ကိုယ်ကို သိမ်ငယ်မိတယ်လို့ဆိုက ပြန်တောင်းပန်…

ပရိသတ်ကြီးရေသရုပ်ဆောင်မြနှင်းရည်လွင်ကတော့အာဏာသိမ်းပြီးကတည်းကပြည်သူနဲ့အတူလမ်းမပေါ်ထိထွက်ကာဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကြောင့် ငြိမ်းချမ်းတဲ့ဆန္ဒထုတ်ဖော်မှုကအလုပ်မဖြစ်တာကြောင့်လွတ်မြောက်နယ်မြေကိုသွားရောက်ပြီးလက်နက်ကိုင်တော်လှန်နေတာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့စာရေးရောအန်ကယ်လ်ဒေါင်းကသရုပ်ဆောင်မြနှင်းရည်လွင်ကိုအရင်ကကဲ့ရဲ့မိခဲ့တဲ့အတွက်ပြန်လည်တောင်းပန်လာတဲ့အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်နော်။

စာရေးဆရာအန်ကယ်လ်ဒေါင်းကမြနှင်းရည်လွင်၊အစကကျနော်နာမည်တောင်မသိပါဘူး၊ကျနော်သူမကိုစသိတာထမင်းစားရင်းမေမေကြည့်နေတဲ့ဇာတ်လမ်းတွဲမှာသူ့ကိုဟန်နီချိုလို့ပဲမှတ်မိတဲ့အဖြစ်၊တကယ်အကြမ်းအရမ်းဗီလိန်ခန်း၊ပီပြင်တဲ့သရုပ်ဆောင်ချက်တွေနဲ့ဆန္ဒတွေပြခဲ့ကြတယ်။

ကျနော်ကိုယ်တိုင်အပါအဝင်ပေါ့၊သိပ်မကြာဘူးသူတို့ပါဆန္ဒပြကြတယ်၊အမေစုပုံစံနဲ့၊ဝန်ခံပါရစေ၊သူ့ကိုကိုယ်မသိခဲ့ဘူး၊ညီမကပြောတယ်အဲ့ဒါမြနှင်းရည်လွင်တဲ့၊ဘယ်သူတုန်းမေးလိုက်တယ်၊ကိုကို ပြောတဲ့ဟန်နီချိုလေတဲ့၊ဟားဟား၊ရယ်လိုက်မိတယ်။

အလကားပေါ်ပင်တွေ၊ကိုယ်ပြောလိုက်မိတဲ့စကားအချိန်တွေကြာလာတယ်၊ကိုယ်ကိုယ်တိုင်ခွေးပြေး ဝက်ပြေးပြေးရတယ်၊ဘေးလွတ်ရာကနေကျန်ခဲ့သူတွေနဲ့မထိရောက်ပေမယ့်အထိုက်အလျောက်တစ်ရာ့ ရှစ်ဆယ်ကျော်လူတွေအတွက်ကူညီနိုင်အောင် ကြိုးစားခဲ့တယ်။ဂုဏ်ယူမိလိုက်တယ်၊ကိုယ့်ကိုယ်ကိုတာဝန်ကျေတယ်ပေါ့၊သိပ်မကြာဘူးPostတက်လာတယ်၊ကိုယ့်ကိုယ်ကိုရှက်မိတယ်၊တော်လိုက်တာဗျာ၊သူဌေးသမီး နွဲ့နွဲ့နှောင်းနှောင်းရယ်ကသေနတ်ကိုင်ကာတိုက်ပွဲဝင်လေသတဲ့မျက်လုံးပြူးမျက်ဆံပြူးကြည့်နေလိုက်ရတယ်။

ငါယောင်္ကျား၊ဘယ်မှာလည်းငါ့သတ္တိ၊အံ့ဩမိပါ၏၊တကယ်ပါ၊ယောင်္ကျားတိုင်းတောင်မစွမ်းနိုင်တဲ့ သတ္တိတွေနဲ့အားအင်အပြည့်၊မာန်ဝင့်ကာတိုက်ပွဲဝင်၊ဖွားလေးစုသမီးလို့ပြောရမလား၊ဒေါင်းမျိုးဆက်ပီသစွာတိမ်ပေါ်အထိပျံကာခွပ်တဲ့သတ္တိခဲသူမဇွဲကြောင့်ကိုယ့်ကိုယ်ကိုသိမ်ငယ်မိတယ်။လေးစားပါတယ်ညီမမြနှင်းရည်လွင်၊လေးစားအားကျမှုများစွာဖြင့်အန်ကယ်လ်ဒေါင်းဆိုပြီးရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

crd