မင်္ဂလာပွဲတွင် ရွေကွင်း ၁၀၀နီးပါးဆွဲထားသော သတို့သမီး အလေးချိန်များ၍ ဇာတ်ကျိုးသွားခဲ့ရတဲ့အဖြစ်

မင်္ဂလာဆောင်သည့်နေ့တွင် သတို့သားနှင့် သတို့သမီးမှာ ထူးထူးခြားခြားလေးဖြစ်အောင် အခြားသူများလည်း အားကျရအောင်ဆိုပြီး တီထွင်ဖန်တီးကြရာ အဆင်မပြေပဲ အခက်အခဲများနှင့် ကြုံတွေ့ရသော သူများလည်းရှိသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ်မှ ကျင်းပပြုလုပ်သော မင်္ဂလာပွဲသည် သတို့သမီးနှင့် သတို့သားတို့မှာ ရွေထည်များစွာ ဝတ်ဆင်ထားပြီး ရယ်မောပျော်ရွှင်နေကြ၍ အားကျသူများနှင့် လူမှုကွန်ယက်တွင် နာမည်ကြီးသွားသည်။

မင်္ဂလာပွဲနေ့တွင် သတို့သမီးသည် ရုပ်ကလေးကလည်း ချောချောနှင့် ခန္ဓာကိုယ်တစ်ခုလုံး ရွှေထည်များအပြည့်ဝတ်ထားကာ အရောင်တလတ်လတ်နှင့် အလွန်လှပလျက်ရှိသည်။

ပို၍ထူးခြားသည်မှာ သတို့သမီးသည် လည်ပင်းတွင် ရွေကွင်း ၁၀၀နီးပါးအား ဆွဲထားပြီး ပျော်ပျော်ရွှင်ရွှင် ဓာတ်ပုံများစွာ ရိုက်ခဲ့စဥ် အချိန်ကြာလာသည်နှင့်အမျှ လည်ပင်းလည်းမခံနိုင်တော့ပဲ လေးလာကာ နောက်ဆုံး ဇတ်ရိုးကျိုးသွားခဲ့သည်။

သတို့သမီးအား အစပိုင်းတွင် မိန်းကလေးများအားလုံး အားကျ နာမလိုတာတွေဖြစ်ကြပြီး ဇာတ်ကျိုးသွားရသည့်အဖြစ်ကို သိရသောအခါ စိတ်ပြောင်းသွားခဲ့ကြသည်။

Credit