မြန်မာမှာ ပထမဆုံးသော အမျိုးသမီး ပြောက်ကျားတပ်ဖွဲ့ စတင်ဖွဲ့စည်း

မြန်မာမှာ ပထမဆုံးသော အမျိုးသမီး ပြောက်ကျားတပ်ဖွဲ့ စတင်ဖွဲ့စည်း

RiSE News| အောက်တိုဘာ ၂၆

စစ်အာဏာရှင်စနစ်ကို အသက်ရင်းပြီး ခုခံတွန်းလှန်တော်လှန်ဖို့ မြန်မာပြည်မှာ ပထမဆုံးသော အမျိုးသမီး ပြောက်ကျားတပ်ဖွဲ့ကို မြောင်မြို့နယ်မှာ စတင်ဖွဲ့စည်းလိုက်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဒေသအလိုက် လက်နက်ကိုင်အင်အားစုတွေ ၃၅၀ လောက်အထိ ပေါ်ပေါက်လာပြီး အမျိုးသမီးရဲဘော်တွေလည်း ပါဝင်ကြပေမယ့် အမျိုးသမီးသီးသန့်တပ်ဖွဲ့ရယ်လို့တော့ ဖွဲ့စည်းတာမရှိသေးပါဘူး။

ပထမဆုံးဖြစ်တဲ့ အမျိုးသမီးတပ်ဖွဲ့နာမည်ကိုတော့ Myaung Women Warriors (မြောင်မြို့နယ် အမျိုးသမီး ပြောက်ကျားစစ်သည်တော်များ) လို့အမည်ပေးထားတယ်လို့ အဲဒီတပ်ဖွဲ့ဆီက သိရပါတယ်။

“ကျွန်မတို့ဟာ အာဏာရှင်/အာဏာရူးကို ရွံမုန်းတယ်။ အမျိုးသမီးတွေအပေါ် ညှဉ်းပန်းနှိပ်စက် ဖျက်ဆီးနေတာကို လက်မခံ။ လူသားချင်းစာနာမှုမရှိတဲ့ လုပ်ရပ်တွေကိုလုပ်ဆောင်နေတဲ့စစ်ကောင်စီကို အသက်ပေးပြီး ခုခံတော်လှန်သွားမှာဖြစ်တယ်” လို့ ဖော်ပြပါတယ်။

အမျိုးသမီယပြောက်ကျားတပ်ကို ရည်ရွယ်ချက်လေးချက်နဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အမျိုးသားတွေနဲ့ တန်းတူရည်တူ စစ်အာဏာရှင်စနစ်ကို ခုခံတွန်းလှန်တိုက်ခိုက်မယ်လို့ ပြောပါတယ်။

စစ်အာဏာသိမ်းတာကို လက်မခံ တော်လှန်မယ့် အမျိုးသမီးတွေဖြစ်သလို ဖက်ဒရယ်ဒီမိုက‌ရေစီနိုင်ငံတော်သစ်တစ်ရပ်ပေါ်ပေါက်လာ‌ရေးမှာ စွမ်းစွမ်းတမံပါဝင်မယ်လို့ ကတိပြုပါတယ်။

အနာဂါတ်မှာလည်း ကျားမတန်းတူညီမျှမှုနဲ့ ခွဲခြားဆက်ဆံခြင်းကင်းပြီး အမျိုးသမီးများအခန်းကဏ္ဍကိုမြှင့်တင်သွားမယ်လို့ မြောင် အမျိုးသမီးပြောက်ကျားတပ်က ဖော်ပြပါတယ်။

#RiSE_News

Credit