နည်းပြဆိုးလ်ရှားအပေါ် ယုံကြည်မှုမဲ့နေတဲ့ အသင်းသားတွေကို ဖာဂူဆန်နဲ့အတူ အမှာစကားပြောကြားခဲ့တဲ့ – ရော်နယ်ဒို

ယူနိုက်တတ်အသင်းအနေနဲ့ အရှုံးဆိုတဲ့ရလဒ်ပိုင်းတွေနဲ့ ရင်ဆိုင်နေရတဲ့အခိုက်တန့်မှာ ကစားသမားနဲ့နည်းပြဆိုးလ်ရှားခြားမှာ ကွာဟမှုတွေ သဘောထား တင်းမာလာတဲ့ ပုံစံမျိုးတွေ ဖြစ်လာခဲ့ရပါတယ် ၊ အသင်းသားတွေကတော့ နည်းပြဆိုးလ်ရှားအပေါ်မှာ ယုံကြည်မှုကင်းမဲ့လာကြပါတယ် ၊ ယုံကြည်မှုကင်းမဲ့နေတဲ့ အသင်းသားတွေကိုတော့ ရော်နယ်ဒိုကိုယ်တိုင်း အဝတ်လဲခန်းအတွင်းမှာ ဝင်ရောက် ထိန်းကျောင်းပေးခဲ့ကြောင်းသိရှိရပါတယ်။

နည်းပြဆိုးလ်ရဲ့နာဂတ်ဟာ မသေချာမရေရာဖြစ်လာမလားဆိုတာတော့ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုမှာ ရပ်တည်နေပါတယ် ၊ ဆိုးလ်ရှားအနေနဲ့ လက်ကျန်သုံးပွဲအခွင့်ရေးပေးတယ်ကြားသိရသလို၊ ရာသီကုန်ထိဆက်ရှိနိုင်တဲ့ ပုံစံမျိုးလည်းဖြစ်လာနိုင်ပါတယ်။ဆိုးလ်ရှားအနေနဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၄ပွဲဆက် အနိုင်ရလဒ်မဖော်ဆောင်နိုင်ခဲ့တဲ့အခြေနေဆိုးကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်နေရပါတယ်။

တိုက်စစ်မှုးရော်နယ်ကတော့ ဆိုးလ်ရှားအပေါ်ယုံကြည်မှုကင်းမဲ့နေတဲ့ အသင်းတွေကို ထိန်းကျောင်းပေးခဲ့သလို ၊ မနေ့က လေ့ကျင့်ရင်ကွင်းမှာ ဖာဂူဆန်ကိုယ်တိုင်းရောက်လာခဲ့ပြီတော့ စကားပြောခဲ့သလို၊ တိုက်စစ်မှူး ရော်နယ်ဒိုကလည်း နည်းဆိုးလ်ရှား အသင်းမှာဆက်ရှိ​နေသ၍ အားပေးထောက်ခံသင့်ကြောင်းနဲ့ ယုံကြည်မှုရရှိဖို့ ကြိုးစားသင့်တယ်လိုဆိုပါတယ်။

ကစားသမားတွေအနေနဲ့ စိတ်ဓာတ်မကျဖို့၊ ကြိုးစားအားထုတ်မှုကို မလျှော့ချဖို့၊ ဆိုးလ်ရှားကို မလေးမစားမပြုလုပ်ဖို့ ပြောကြားခဲ့တယ်လို့ သိရပြီး အဝတ်လဲခန်း အခြေအနေကို သူကိုယ်တိုင် ပါဝင်ကူညီကိုင်တွယ်ပေးထားတယ်လို့ သတင်းရင်းမြစ်တွေကဆိုပါတယ်။ ရော်နယ်ဒိုဟာ အသင်းအနိုင်မရတဲ့အချိန်တွေမှာ ဒေါသပေါက်ကွဲလေ့ရှိပြီး ဆိုးလ်ရှားရဲ့နည်းဗျူဟာတွေကို မေးခွန်းထုတ်နေတဲ့ ကစားသမားတွေထဲက တစ်ယောက်ဖြစ်နိုင်တယ်လို့ မီဒီယာတွေကဖော်ပြခဲ့ဖူးတာပါ။

ဆိုးလ်ရှားဟာ မက်ဂွိုင်းရားကို ဒဏ်ရာကပြန်လာလာချင်း လက်စတာနဲ့ပွဲမှာ ထည့်သုံးခဲ့တဲ့ အပေါ် ပွဲထွက်ခွင့်မရတဲ့ နောက်ခံလူ အဲရစ်ဘာယီက မေးခွန်းထုတ်ဝေဖန်ခဲ့ပြီး ခြေစွမ်းမပြနိုင်တဲ့ ကစားသမားကို တစ်ချိန်လုံး ပွဲထွက်ကစားသမားစာရင်းမှာ ထည့်သုံးနေတဲ့အပေါ်မှာလည်း ယူနိုက်တက်ကစားသမားတွေ မပျော်မရွှင်ဖြစ်နေပါတယ်။

လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံးပုံစံပြနေတဲ့ ဗန်ဒီဘိခ်၊ လင်ဂတ်တို့ကို ဆိုးလ်ရှားက အရံခုံမှာပဲ ထားတဲ့အပေါ် ကစားသမားတွေကြား ဒွိဟဖြစ်နေသလို ရော်နယ်ဒိုနဲ့ဂရင်းဝုဒ်အကြား လူမပေးဘဲ သီးသန့်ကစားနေတဲ့အပေါ်မှာလည်း အသင်းဖော်တွေက စိုးရိမ်နေပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာတော့ ရော်နယ်ဒိုကိုယ်တိုင် အသင်းရဲ့အဝတ်လဲခန်းကို ဝင်ရောက်ထိန်းကျောင်းနေပြီး ဒါက ဘယ်လောက်ထိ အကျိုးသက်ရောက်မှုရှိနိုင်မလဲဆိုတာကို လာမယ့်စပါး၊ အတ္တလန်တာ၊ မန်စီးတီးတို့နဲ့ပွဲတွေမှာ မြင်တွေ့ရဖွယ်ရှိပါတယ်။

Credit

ယူနိုက်တတ်အသင်းထံ အကြံပေးမှုရေးသားတဲ့ UFCဖိုက်တာ မက်ဂရီဂေါ်