ဆိုးလ်ရှားအတွက် ရပ်အတည်ကျ သတ်မှတ်ပေးလိုက်တဲ့ – အဘွန်လဟော်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ စက်တင်ဘာဘ အလယ်လောက်က ကင်းပါဝါ ကွင်းထဲမှာ လက်စတာ စီးတီး အသင်းကို 4 – 2 ဆိုတဲ့ ရလဒ် နဲ့ စိတ်ပျက်ဖွယ် ရှုံးနိမ့် သွားခဲ့စဥ် ကတည်းက ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ဟာ အထုတ်ခံရရေး ဖိအားတွေအောက် ကျရောက်ခဲ့ ပါတယ် ။

ဒါပေမဲ့ နောက်တစ်ပွဲ အဖြစ် ချန်ပီယံလိဂ် ပြိုင်ပွဲကြီးမှာ အတ္တလန္တာ အသင်းကို အနိုင် ကစားပြီးတဲ့နောက် ဆိုးလ်ရှားရဲ့ ဖိအားတွေဟာ အနည်းငယ် လျှော့ကျ သွားခဲ့ရပါတယ် ။ ဒါပေမဲ့ အမှတ်ပေး ဖလား ပြိုင်ပွဲမှ ရလဒ်တွေက စိတ်ပျက်ဖွယ် ဖြစ်နေခဲ့သေးတဲ့ အတွက် ဖိအားတွေ ရှိနေဆဲ ဖြစ်ခဲ့ရပါတယ် ။

အဲ့ဒီနောက် ယူနိုက်တက်တို့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ခါးသီး ပြိုင်ဖက် လီဗာပူး အသင်းကို 5 – 0 ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် ဆိုးလ်ရှားအောက် အသံတွေဟာ အရမ်းကို ကျယ်လောင် သွားခဲ့ရပြီး ယူနိုက်တက်တို့ အင်တာ နည်းပြဟောင်း ကွန်တီ နဲ့ ချိတ်ဆက် နေပြီလို့ပါ သတင်းတွေ ထွက်ခဲ့ရပါတယ် ။

အခြားတဖက်မှာတော့ အသင်းလက်မဲ့ ဖြစ်နေခဲ့တဲ့ အန်တိုနီယို ကွန်တီ ကလည်း ယူနိုက်တက် အသင်းကို ကိုင်တွယ်် နည်းပြဖို့ အတော်လေး စိတ်အားထက်သန် နေခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါသေးတယ် ။ ဒါပေမဲ့ ဆာ အဲလက်စ် ဖာဂူဆန် နဲ့ အသင်းရဲ့ တာဝန် ရှိသေူတွေက ဆိုးလ်ရှားဖက်မှ ရပ်တည်ပေးခဲ့ကြပါတယ် ။

အဲ့ဒီနောက် ဆိုးလ်ရှားဟာ ဒီတစ်ပါတ် ကစားရမဲ့ တော့တင်ဟမ် ဟော့ စပါး ၊ အဲ့ဒီနောက် အတ္တလန္တာ ၊ မန်စီးတီး အသင်းတွေနဲ့ ကစားရမဲ့ ပွဲစဥ်တွေမှာ ရလဒ် မကောင်းရင် အသင်းမှ အထုတ်ခံရလိမ့်မယ်လို့ သတင်းတွေ ဆက်လက််ထွက်ပေါ် လာခဲ့ရပါတယ် ။

အခုတော့ အက်စတွန် ဗီလာ နဲ့ အင်္ဂလန် အသင်းတွေရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သူ အဘွန်လဟော် က ယူနိုက်တက် တို့ဟာ လာမဲ့ နိုင်ငံ့ ပွဲစဥ်တွေ မတိုင်မီ ၊ မန်စီးတီး နဲ့ ကစားအပြီးမှာ ကွန်တီ နဲ့ ချိတ်ဆက်ရင်း ဆိုးလ်ရှားကို ထုတ်ပယ်လိမ့်မယ်လို့ သုံးသပ် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ယူနိုက်တက်တို့ အန်တိုနီယို ကွန်တီ နဲ့ ချိတ်ဆက်နေတဲ့ အချိန်အထိ ဆိုးလ်ရှား ဖက်က အချိန်တွေရပါသေးတယ် ။ သူတို့တွေ အခုအချိန်တောင် ကွန်တီ နဲ့ ချိတ်ဆက်နေကြလောက်ပြီး သဘောတူညီမှု တစ်ကြိမ် ရရှိလိုက်တာနဲ့ ဆိုးလ်ရှား ထွက်သွားလိုက်ရမှာပါပဲ ”

” စပါး နဲ့ ပွဲစဥ်မှာ သူတို့တွေ ရှုံးသွားနိုင်ပါတယ် ။ မန်စီးတီးနဲ့ ပွဲမှာ သူတို့ ရှုံးသွားကြပါလိမ့်မယ် ။ ဒါ့ကြောင့် ရိုးရိုးသားသား ပြောရရင် နိုင်ငံတကာ အားလပ်ရက် တွေဟာ ဆိုးလ်ရှား အတွက်တော့ ဒီဒေး ပဲ ဖြစ်သွားပါလိမ့်မယ် ။ နိုင်ငံတကာ အားလပ်ရက်ပြီးတာနဲ့ ဆိုးလ်ရှား အလုပ်ပြုတ််သွားမှာပါပဲ ”

” အဲ့ဒီအချိန်က ယူနိုက်တက် အသင်းအတွက်တော့ ထိပ်တန််း နည်းပြကောင်း တစ်ဦး ကြိုတင်ရှာဖွေပြီးသင့်ပါပြီ ။ သူတို့ အနေနဲ့ လေ့လာ သင်ယူနေဆဲ နည်းပြ တစ်ဦးကို ခေါ်ယူလို့ မရနိုင်တော့ပါဘူး ” လို့ အဘွန်လဟော် က ထုတ််ဖော် ပြောကြား သွားခဲ့တာပဲ ဖြစ်ပါတယ် ။

Crd-Sports_Myanmar

မက်ဂွိုင်းယားနဲ့ပတ်သက်ပြီး အသင်းသားများက မကျေမနပ်ဖြစ်ခါ အစည်းအဝေးမှာထောက်ပြဝေဖန်လာ