Sports

ယူနိုက်တတ်နဲ့နည်းပြသစ်အရှုပ်တော်ပုံ

ယူနိုက်တတ်နဲ့နည်းပြသစ်အရှုပ်တော်ပုံ

ယူနိုက်တတ် အသင်းနည်းပြ ဆိုးလ်ရှား အနေနဲ့ကြိုးစားခဲ့ပါတယ် PSGကို အနိုင်ယူပေးခဲ့တယ်
ထိပ်တန်းအသင်းကို နိုင်ခဲ့တာပါ သူ့အနေနဲ့ ပရီးမီးယားလိဂ်မှာ အမှောင်ကျနေတယ်ပြောရမယ့်
အိမ်ကွင်း စွမ်းဆောင်ရည်က သိသိသားသားပဲ
ဆိုးဝါးနေတဲ့ ဆိုးလ်ရှား အနာဂတ်ကို အဲဗာတန်နဲ့ ပွဲမှာ အဆုံးသတ်ဖို့ ပိုမို့များပြားလာဖို့ ရှိပါတယ်။

ဆိုးလ်ရှားကို ယူနိုက်တတ်မှ ထုတ်ပယ်ခဲ့ရင်အစားထိုးဖို့ကအရန်သင့်ဖြစ်နေတဲ့ ပိုချက်တီနို အဲ့မှာပြောချင်တာက နည်းပြသစ်အနေနဲ့ ပုံဖော်ဖို့ဆိုတာ ပိုပြီးခဲရင်းပါတယ် ယူနိုက်တတ်အသင်းသားတွေကို ပိုချက်တီနို ကိုင်တွယ်ဖို့ ထင်သလောက်မလွယ်ပါဘူး နည်းပြအသစ်က သာမန်အားဖြင့် စွမ်းဆောင်ရည်တွေထုတ်ပြပါလိမ့်မယ် အထာတွေလေ့လာဖို့က အချိန်ယူရမှာပါ ပွဲဦးထွက်တွေမှာ နည်းပြသစ်တွေက လုပ်ပြကြပြီး နောက်ပွဲစဥ်တွေမှာ ရလဒ်ကောင်းဖို့ ရုန်းကန်ရတာ အစဥ်အလားတစ်ခုလို့ ပြောရမယ်။

ဆိုးလ်ရှား အနေနဲ့ ယူနိုက်တတ်ရဲ့ လမ်းကြောင်းပေါ်မှာရောက်ရှိပြီသား နည်းပြဖြစ်လို့ ပုံစံကောင်းတွေရဖို့ လက်တကမ်းမှာပဲရှိပါတယ် ယူနိုက်တတ်မှာဆက်ရှိဖို့ မျှော်လင့်နေတဲ့ ပရိသတ်တွေရှိသလို့ အစားထိုးဖို့ စောင့်ဆိုင်းနေတဲ့ ပရိသတ်တွေလည်း ရှိနေပါတယ် အဲ့ဗာတန်နဲ့ပွဲမှာ အရေးနိမ့်ခဲ့ရင် ဆိုးလ်ရှား ရာနှုန်းပြည့်ထုတ်ပယ်ဖို့ ဖြစ်သွားမှာပါ ယူနိုက်တတ်ရဲ့သနားစရာကောင်းတဲ့ ဖျော်ဖြေမှုအတွက် ဆိုးလ်ရှားဟာ အပြစ်တင် ဝေဖန်မှုတွေလည်း မြင့်တတ်လာမှာဖြစ်ပြီး နည်းပြသစ်နဲ့ ရှုပ်ထွေးတဲ့ သံသရာထဲ ယူနိုက်တတ် လည်နေမှာ စိုးရိမ်ရတဲ့အခြေအနေ ရောက်ရှိလာနိုင်ပါတယ်။



