Sports

နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် ခေါ်ယူခဲ့တဲ့ ကြယ်ပွင့် မွေးနေ့အမှတ်တရ

နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် ခေါ်ယူမှု ယုံကြည်မှုတေနဲ့အတူ အဓိက ဂိုးသမား ဖြစ်လာတဲ့ ဒီဂီယာအနေနဲ့ November 7ရက်နေ့မှာ အသက်သုံးဆယ် ပြည့်မြောက်ခဲ့ပြီဘဲဖြစ်ပါတယ်။ ဒီဂီယာ ဟာ နည်းပြကြီး ဖာဂူဆန် လက်ထက်က ရှိခဲ့‌တဲ့ လူစာရင်း ထဲမှ ကျန်ရှိနေသော ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ ယူနိုက်တက် အတွက် အကြိမ်ကြိမ်ဂိုးမပေးရရေးအတွက် လက်စွမ်းပြထားတဲ့ ဂိုးသမားတစ်ဦးလည်းဖြစ်ပါတယ်။ သူ့ရယ့် မယုံကြည်နိုင်စရာ ဂိုးပေါက် ကာကွယ်မှုတေလည်း အကြိမ်ကြိမ် မြင်တွေ့ခဲ့ရပါတယ်။

​ယူနိုက်တက်နဲ့ အတူ ပွဲပေါင်း 528ပွဲ ကစားထားပြီး 175ပွဲ clean sheets လည်း ရယူထားပါတယ်။ထို့အပြင် ယူနိုက်တက်နဲ့ အတူ ကွန်မြူနတီဒိုင်း သုံးကြိမ် ယူရိုပါလိဒ် နှစ်ကြိမ် Fa cup တစ်ကြိမ် league cup တစ်ကြိမ် super cup တစ်ကြိမ် နှင့် နည်းပြကြီး ဖာဂူဆန်နှင့်အတူ ပရီးမီးယား လိဒ် ဖလား တစ်ကြိမ် ရယူထားတဲ့ ကစားသမားတစ်ယောက်ဘဲဖြစ်ပါတယ်။

နောက်ထပ် ခမ်းနားတောက်ပခဲ့တဲ့ ယူနိုက်တတ်ရဲ့
အချစ်တော်ကြီး ကစားသမားကြီးဖြစ်တဲ့ကျွန်တော်တို့မန်ချက်စတာရဲ့ဂန္တဝင်တိုက်စစ်မှူးဟောင်းကြီး ရွန်နီဟာ ယူနိုက်တက် အတွက် (2004)ခုနှစ်ကနေ (2017) ခုနှစ်အထိ(13)နှစ် ကြာ ကစားပေးခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

ယူနိုက်တက်နှင့်အတူ ရွန်နီမှတ်တမ်းများကများပြားလွန်းပါတယ် ကစားခဲ့သည့်ပွဲပေါင်း(559) ပွဲ မှာ သွင်းဂိုး (253) ဂိုး နဲ့ ဂိုးဖန်တီးပေးမှုများ(146) ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တဲ့ ယူနိုက်တတ်ရဲ့ ဂန္တဝင်ကြီးပါ အောင်မြင်မှုများအနေဖြင့် ချန်ပီယံလိဂ် (1) ကြိမ် ယူရိုပါလိဂ်(1) ကြိမ်ကမ္ဘာ့ကလပ်ချန်ပီယံ (1) ကြိမ် ပရီးမီးယားလိဂ်(5) ကြိမ် FA Cup(1) ကြိမ် လိဂ်ဖလားCarabao Cup (4) ကြိမ် ကွန်မြူနတီဒိုင်း(6) ကြိမ် စွမ်းဆောင်ပေးခဲ့ပါတယ်။

#TSSoe