Sports

Ole Out လိုက် အော်လိုက်တိုင်း နိုင်နေတာက ကံစပ်နေတာလား

စနေနေ့ရဲ့ အစောဆုံးပွဲစဉ်က သရဲနီပရိတ်သတ်တွေရဲ့ ရင်ခုန်သံကို ပိုမြန်စေတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်နေမှာအသေအချာပါပဲ၊ အကြောင်းရင်းက ရလဒ်တွေမကောင်းသော အိုလေဂန်းနား ဆိုးရှား‌ဆိုသော နည်းပြကြီး၏ အနာဂတ်ကို အဆုံးအဖြတ် ပေးနိုင်သော ပွဲစဉ်တပွဲအဖြစ် ရှိနေလို့ပါပဲ။ အဲဒီနော်ဝေးသား နည်းပြကြီးက ယူနိုက်တက်နည်းပြ ရာထူးနဲ့ ကံစပ်တာလား မပြောတတ်ဘူး။

Ole Out လိုက် အော်လိုက်တိုင်း နိုင်နေခဲ့တယ်၊ ဒီလိုနဲ့ ယူနိူက်တက်ရဲ့ ထိုင်ခုံဟာ ဂန္ဓဝင်ကစားသမားဟောင်းတွေရဲ့ ထောက်ခံချက်နဲ့အတူ နဲနဲမှ မရွှေ့ခဲ့ဘူး။ ရွိုင်ကိန်း၊ နဗီး တို့က ကစားသမားကိုပဲ အပြစ်တင်တယ်၊ အီဗရာလို အသင်းခေါင်းဆောင်ဟောင်းက အိုလီရဲ့အပြစ် မဟုတ်ပဲ၊ ဘုတ်နဲ့ အက်ဝုဒ်ဝက်ရဲ့ အပြစ်လို့ပဲ ခံယူထားတယ်။

ညနေ ၆ နာရီမှာ Line-up ထွက်လာတော့ အိမ်ရှင်အသင်းကို အရင်ကြည့်မိတယ်၊ အီတလီသားကြီးကားလို့စ်က ပွဲပယ်ကြောင့် ရစ်ချက်လီဆင် မပါတာကလွဲလို့ ကျန်တဲ့ကစားသမား အစုံပါခဲ့တယ်၊ ယူနိုက်တက်အသင်းကတော့ ပုံမှန်လူစာရင်းအတိုင်းပါပဲ၊ အဲလက်စ်တဲလက် အရန်ခုံမှာပင် မထည့်ခဲ့သလို ကာဗာနီကို ပွဲထွက်လူစာရင်းမှာ အသုံးမပြုခဲ့ပါဘူး။

ပွဲစကတည်းက ယူနိုက်တက်တို့ ဖိအားပေး ကစားခဲ့တယ်၊ ဒါပေမယ့် တိုက်စစ်က ဘောလုံးကိုင်ကစားပေမယ့် ထင်သလောက် အလုပ်မဖြစ်ခဲ့ဘူး၊ ပွဲချိန် ၁၀ မိနစ်နောက်ပိုင်းမှာတော့ အဲဗာတန်တို့ ပုံစံကောင်း ရရှိလာခဲ့တယ်၊ ပွဲချိန် ၁၉ မိနစ်မှာတော့ အဲဗာတန်တို့ အဖွင့်ဂိုးရရှိခဲ့ပါတယ်၊ အဲဗာတန်တို့ဟာ Game ထဲမှာ ကစားသလိုမျိုး ဖော်မြူလာသွင်းဂိုးအတိုင်းပါပဲ။

ဂိုးသမားပစ်ဖို့ဒ်ကန်တင်ပေးတာကို ပြိုင်ဘက်ဧရိယာထိပ်က ကယ်ဗက်လီဝင် ပြန်ချပေးတာကို ဘားနန်က ဘစ်ဆာကာကို လှည့်စားပြီး အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့ပါတယ်။ သို့ပေမယ့်လည်း အိမ်ရှင်အသင်းရဲ့အပျော်ဟာ ၅မိနစ်သာ ခံခဲ့ရပါတယ်၊ တောင်ပံက လု‌ခ်ရှောရဲ့ အကွက်မြင်မြင် ဖန်တီးပေးမှုကို ဖာနန်ဒက်စ်မှ လှလှပပ လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။

ပွဲချိန် ၃၁ မိနစ်မှာတော့ ယူနိုက်တက်တို့ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်၊ ဖာနန်ဒက်စ်ရဲ့ ဖန်တီးပေးတာကို ရက်စ်ဖို့ဒ်ခေါင်းတိုက်သွင်းယူဖို့ ကြိုးစားခဲ့ကာ ဂိုးတိုင်ထိခဲ့ပြီး ဝင်သွားခဲ့ပါတယ်။ ဒီဂိုးကို ရက်စ်ဖိုဒ်သွင်းယူခဲ့တယ် ထင်ရပေမယ့် ရုပ်သံအနှေးပြကွက်တွေအရ ဒေါက်တာရက်စ်ဖိုဒ်ဟာ ဘောလုံးကို မထိခဲ့ပါဘူး။

ဒါ့ကြောင့် ဘရူနိုဖာနန်ဒစ်ရဲ့ ဒုတိယမြောက်သွင်းဂိုး ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ပထမပိုင်း ပြီးဆုံးကာ ဒုတိယပိုင်း စတင်ခဲ့‌ပါတယ်၊ ပွဲချိန်ကြာလာတဲ့အမျှ နှစ်သင်းလုံးဟာ Tempo မြင့်လာခဲ့သလို အဝါကဒ်တွေ အပြန်အလှန်နဲ့ ကြည့်ကောင်းခဲ့ပါတယ်၊ ဒါပေမယ့် အပိုင်ကန်သွင်းခွင့်တွေကိုတော့ ယူနိုက်တက်ကပဲ ရရှိခဲ့ပါတယ်။

ယူနိုက်တက်ဟာ နိုင်ပွဲရဖို့ ကစားကွက်ပြောင်းကာ တွန်ဇီဘီ၊ ပေါ့ဘာ၊ ကာဘာနီတို့ကို ထည့်သွင်းပြီး ကစားစေခဲ့ပါတယ်။ ဒီပွဲရဲ့ အကောင်ဆုံး အခိုက်အတန့်ဟာ ပွဲပြီးဆုံးချိန်လို့ ဆိုရမှာပါ၊ ချေပဂိုးရဖို့ အဲဗာတန်တို့ အစွမ်းကုန်တိုက်စစ်မြှင့်ခဲ့ခြင်းက ရင်ခုန်စရာ ကောင်းခဲ့သလို မြန်ဆန်တဲ့ တန်ပြန်တိုက်စစ်ဆင်ရင်း မားကပ်ရက်စ်ဖို့ဒ်၏ ဖန်တီးပေးမှုကနေ ကစားသမားအသစ် ကာဗာနီက အကောင်းဆုံး အဆုံးသတ်ကာ ၁-၃ ရလဒ်ဖြင့် ပွဲပြီးခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒီနေ့နိုင်ပွဲအတွက် ဆိုးရှားဟာ ဖိအားတွေကို အနည်းငယ်လျော့ကျစေပါတယ်၊ နိုင်ပွဲရလို့ ကျေနပ်နေသော ပရိတ်သတ်တွေ ရှိနေပေမယ့်  ဆိုးရှားအား ရာထူးမှ ပြုတ်စေချင်တဲ့ ပရိတ်သတ်တွေအတွက် ပျော်စရာတော့ ဖြစ်လာခဲ့မှာ မဟုတ်ပါဘူး။ Ole Out လို့အော်တိုင်း နိုင်ပွဲရတယ်။

နောက်ပြီး အိုလေဂန်းနားဆိုးလ်ရှားဟာ နည်းပြ‌ထိုင်ခုံမှာပဲ ခန့်ခန့်ကြီး ထိုင်နေတာကို ဆက်လက်မြင်တွေ့ရမှာကြောင့်ပါပဲ။ ဘာပဲဖြစ်ဖြစ် လာမယ်ရက်သတ္တပတ်ဟာ နိုင်ငံတကာပွဲရက် ဖြစ်တာကြောင့် နောက်ထပ် နှစ်ပတ်မြောက်မှာပဲ ပြန်လည်ဆုံတွေ့ကြရအောင်‌ဗျာ…

မူရင်းcrd