မေဆင်ဂရင်းဝုဒ် ပွဲထွက်ခွင့်မရတဲ့ အကြောင်း ဆိုးလ်ရှား ပြော

ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက အဲဗာတန်နဲ့ပွဲမှာ မေဆင်ဂရင်းဝုဒ်ကို ပွဲထွက်ခွင့် မပေးတဲ့အ​ပေါ်ကို မန်ချက်စတာ ယူနိုက်တတ် ပရိတ်သတ်တွေကို ပြောကြားခဲ့ပါတယ် မေဆင်ဂရင်းဝုဒ်ကို အခြေအနေရ ပွဲထွက်ခွင့် မပေးလိုက်ရတာပါ သူ့အနေနဲ့ ပုံမှန်အခြေအနေမဟုတ်ပဲ အဖျားဝေဒနါခံစားနေလို့ ဖြစ်ပါတယ် အဲ့ဒါကြောင့် မပါဝင်ခဲ့တာပါလို့ ရှင်းလင်းပြောကြားလိုက်ပါတယ် အဆိုပါတိုက်စစ်မှူးဟာ ယူနိုက်တက်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိနေပေမယ့် အဲဗာတန်နဲ့ပွဲကိုတော့ လွဲချော်ခဲ့တာဖြစ်ပါတယ်။

အဲဗာတန်နဲ့ ပွဲမှာတော့ ယူနိုက်တတ်အနိုင်ရလဒ်
ရရှိခဲ့ပါတယ် ယူနိုက်တက်ဟာ နိုင်ပွဲရဖို့ ကစားကွက်ပြောင်းကာ တွန်ဇီဘီ၊ ပေါ့ဘာ၊ ကာဘာနီတို့ကို ထည့်သွင်းပြီး ကစားစေခဲ့ပါတယ်။ ဒီပွဲရဲ့ အကောင်ဆုံး အခိုက်အတန့်ဟာ ပွဲပြီးဆုံးချိန်လို့ ဆိုရမှာပါ၊ ချေပဂိုးရဖို့ အဲဗာတန်တို့ အစွမ်းကုန်တိုက်စစ်မြှင့်ခဲ့ခြင်းက ရင်ခုန်စရာ ကောင်းခဲ့သလို မြန်ဆန်တဲ့ တန်ပြန်တိုက်စစ်ဆင်ရင်း မားကပ်ရက်စ်ဖို့ဒ်၏ ဖန်တီးပေးမှုကနေ ကစားသမားအသစ် ကာဗာနီက အကောင်းဆုံး အဆုံးသတ်ကာ ၁-၃ ရလဒ်ဖြင့် ပွဲပြီးခဲ့ပါတယ်။

ဂရင်းဝုဒ် အာဆင်နယ်ကိုအရေးနိမ့်ခဲ့တဲ့ပွဲမှာ ပါဝင်ခဲ့ပါတယ် ချန်ပီယံလိဂ်ပွဲမှာတော့ လူစားဝင်ကစားသမားနဲ့ ပွဲထွက်ခဲ့ပါတယ် အဲဗာတန်နဲ့ပွဲမှာတော့ အဖျားဝေဒနာရှိနေလို့ ဂရင်းဝူဒ်ကို အနားပေးခဲ့တာဖြစ်ပြီး ပုံမှန်အားဖြင့် ပွဲထွက်ခွင့်ရနေတဲ့ ကစားသမားတစ်ယောက်လဲဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်။