Sports

ဘာကြောင့်ပုံမှန်ပွဲထွက်ခွင့်မရတာလဲ

 

ယူနိုက်တတ်ရဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ဖြစ်တဲ့ ပဲလေ့စ်နဲ့ပွဲမှာ မန်ယူအသင်းရှုံးခဲ့ပါတယ် ဗန်ဒီဘိခ်တစ်ယောက်ကတော့ သွင်းဂိုးရယူ​ပေး နိုင်ခဲ့တယ် ယူနိုက်တတ်ကို ပေါင်သန်း ၄၀ နဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဗန် ဒီဘိခ်ဟာ ဥရောပရဲ့အကောင်းဆုံးလူငယ်ကစားသမားတွေမွေးထုတ် ပေးနေတဲ့ အေဂျက် အသင်းကနေ ထွက်ပေါ်လာတဲ့ လူငယ်ကစားသမား တစ်ယောက်ဖြစ်ပါတယ်။

မန်ယူကိုရွေးချယ်ခဲ့တာကလည်း သူတို့ရဲ့ အားကစားဒါရိုက်တာ ဗန်ဒါဆားရဲ့တိုက်တွန်းမှုကြောင့် ဖြစ်ခဲ့တာပါ ဗန်ဒါဆားဆီက တစ်ဆင့် မန်ယူအသင်းနဲ့အတူ အိပ်မက်တွေတစ်လှေကြီးနဲ့ ရောက်လာခဲ့ပေမယ့် အခုချိန်မှာတော့ ဗန်ဒီဘိခ်တစ်ယောက် ပုံမှန်နေရာရဖို့ မျှော် နိုင်သမျှတော့ မျှော်ရဦးမယ့်အနေအထား ဖြစ်နေပါတယ် သူဟာ အေဂျက်မှာ နောက်ဆုံးကစားခဲ့တဲ့ ဘောလုံးရာ သီတုန်းက ၁၁ ဂိုးသွင်းပြီး ၁၀ ဂိုး ဖန်တီးပေးခဲ့တယ်ဆိုတာ သူ့အသက်အရွယ်နဲ့ အလယ်တန်းကစားသမားတစ်ယောက်အခြေအနေအရ ကောင်းမွန်တဲ့ထဲမှာ ပါပါ တယ် ဒါပေမဲ့ မန်ယူမှာတော့ သူဟာ ပုံမှန်ပွဲထွက်ခွင့်မရပါဘူး။

ကွင်းလယ်မှာ နေရာစုံကစားပေးနိုင်တဲ့ ဗန်ဒီဘိခ် တစ်ယောက် ဘယ်အချိန်မှ ပုံမှန်ပွဲထွက်ရမလဲ
မျှော်လင့်နေတဲ့ ယူနိုက်တတ် ရဲ့ အမာခံ ပရိတ်သတ်တွေ ဆက်ပြီ မျှော်ရနေ ရမဲ့ အနေအထားမှာပဲ ရှိနေသေးပါတယ်ပါတယ် ဗန်ဒီဘိခ်လို့ခေါ်တဲ့ ဒီလူငယ်လေးဟာ လွန်ခဲ့တဲ့ ၂ နှစ် ချန်ပီယံလိဂ် မှာ အေဂျက်အသင်းရဲ့ လူငယ် Golden Boys အုပ်စုလို့ တင်စားနိုင်တဲ့ ဖရန်ကီဒီ ဂျောင်၊ ဒီလစ်၊ ဇီယက်ချ်တို့နဲ့အတူ ခြေစွမ်းပြခဲ့တဲ့သူဖြစ်ပြီး သူ့ရဲ့ကစားဖော်တွေ က ဂျူဗင်တပ်၊ ဘာစီလိုနာ၊ ချဲလ်ဆီးတို့လိုအသင်းတွေဆီ ပြောင်းရွှေ့သွားခဲ့ပြီး နောက်ဆုံးမှ သူက မန်ယူကိုထွက်ခွာခဲ့တာပါ။

ဗန်ဒီဘိခ်ဟာ မန်ယူအသင်းရဲ့ ပွဲဦးထွက် ကစားသွားခဲ့တဲ့ ပဲလေ့စ်နဲ့ပွဲမှာ တစ်ဂိုးသွင်းပေးနိုင်ခဲ့ပြီး လုပ်အားနှုန်းလည်း ကောင်းမွန်တာကို ပြသနိုင်ခဲ့တာပါ ဆိုးရှားအနေနဲ့ ဗန်ဒီဘိခ်လို ကြယ်ပွင့် ကစားသမား တစ်ယောက်ကို ပုံမှန် ပွဲထွက် မပေးတဲ့အပေါ် ဝေဖန်မှုတွေလည်း များပြားခဲ့ပါတယ်။

Unicode





PHOTOS CREDIT TO OWNERS

SPORT GABER