Sports

ယူနိုက်တက်က အလွတ်ပြောင်းရွေ့ကြေးနဲ့ ထွက်ခွာမယ့် ဝါရင့်ဂိုးသမား

ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်က မထွက်ခွာနိုင်ခဲ့တဲ့ ဂိုးသမား ဆာဂျီယိုရိုမဲရိုးဟာ လာမယ့် ဇန်နဝါရီလမှာ အသင်းကထွက်ခွာဖို့ မျှော်လင့်နေပါတယ် စျေးကွက်နောက်ဆုံးရက်က အဲဗာတန်ကိုပြောင်းရွေ့ဖို့ နီးစပ်ခဲ့တဲ့ ရိုမဲရိုးဟာ လက်ရှိ ကာရင်တန်မှာ တစ်​ယောက်တည်းသီးသန့် လေ့ကျင့်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ သူ့ကိုတော့ မေဂျာလိဂ်ကလပ်တွေက စိတ်ဝင်စားနေတာပါ။

သူ့ရဲ့ စာချုပ်သက်တမ်းဟာ လာမယ့်နှစ် နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပေမယ့် အာဂျင်တီးနားဂိုးသမားက ယူနိုက်တက်ဟာ သူ့ကို ဆောင်းရာသီမှာ အသင်းက အလွတ်ပြောင်းရွေ့ကြေးနဲ့ ထွက်ခွာခွင့်ပေးလိမ့်မယ်လို့ ယုံကြည်နေကြောင်း The Sun က ဖော်ပြခဲ့ပါတယ်

တစ်ဖက်မှာလည်း ယူနိုက်တက်ဟာ ဝက်စ်ဟမ်းနဲ့အပြိုင် လိုင်ယွန်တိုက်စစ်မှူး မူဆာဒမ်ဘီလီကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ် ပြီးခဲ့တဲ့နှစ်တွေအတွင်းက ပြင်သစ်ကစားသမားဟာ အိုးလ်ထရက်ဖို့ဒ်ရဲ့ radar ထဲမှာ ပါဝင်ခဲ့ပြီး ယူနိုက်တက်နဲ့ ဝက်စ်ဟမ်းက သူ့ကို တရားဝင် ကမ်းလှမ်းသွားနိုင်တယ်လို့ The Sun က ဆိုပါတယ်။

လီဂူးဝမ်းကလပ်ကတော့ အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးအတွက် ပေါင်သန်း ၃၀ + အပိုဆုကြေး ရရှိဖို့ မျှော်လင့်နေတယ်လို့ ကြားသိရပါတယ် Bild ကတော့ ယူနိုက်တက်ဟာ မူဆာဒီယာဘီကိုစိတ်ဝင်စားနေတယ်လို့ အတိအလင်း ဖော်ပြခဲ့ပါတယ်
ယူနိုက်တက်ဟာ ဒေါ့မွန်ကြယ်ပွင့် ဂျာဒန်ဆန်ချိုကို မခေါ်ယူနိုင်ခဲ့တာကြောင့် ယင်းတောင်ပံတိုက်စစ်မှူးကို မျက်စိကျနေတာပါ ဒါပေမယ့် ဒီယာဘီဟာ အိုးလ်ထရက်ဖို့ဒ်ကို ရောက်ရှိမလာနိုင်ဘူးလို့ သတင်းတွေက ဆိုနေကြပါတယ်။

Unicode



