Sports

အင်္ဂလန်အသင်းကစားသမားလူစာရင်းမှာ ယူနိုက်တတ်မှ ဘစ်ဆာကာ ဂရင်းဝုဒ် မရွေးချယ်ခဲ့တဲ့အပေါ် ဆောက်ဂိတ် ပြောကြား

အာရွန်ဝမ်ဘစ်ဆာကာက ခံစစ်အတွက် ကောင်းပါတယ် တိုက်စစ်လိုက်ပါမှုပိုင်းမှာ အားနည်းတာကြောင့် အင်္ဂလန်အသင်းမှာ မရွေးချယ်ခဲ့တာပါ နည်းပြ ဂါရတ်သ်ဆောက်ဂိတ်က ပြောပါတယ် Reece James၊ Trent Alexander-Arnold၊ Kyle Walker နဲ့ Kieran Trippier တို့ရှိနေတာကြောင့် အစွန်ခံစစ်နေရာတွေက အားပြည့်နေပြီလို့ ဆောက်ဂိတ်က ဝန်ခံခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ယူနိုက်တက်အတွက် ကျစ်လစ်မာကျောတဲ့ ကစားပုံတွေနဲ့ ကစားပြထားပေမယ့် နိုင်ငံလက်ရွေးစင်အသင်းမှာ ကစားဖို့အတွက်တော့ သူ့အနေနဲ့ အချိန်တစ်ခု စောင့်ရဦးမှာဖြစ်ပါတယ်“ဒီနေရာတွေက ကျွန်တော်တို့မှာ အဆင်ပြေနေပါတယ်။” လို့ အင်္ဂလန်အသင်းနည်းပြက ပြောပါတယ်။

“Reece နဲ့ Trent က wing-backs အနေနဲ့ရော full-backs အနေနဲ့ရော ကစားပေးနိုင်ပါတယ်။ သူတို့က နားလည်တဲ့ကစားသမားတွေပါနောက်ပြီး ကျွန်တော်တို့မှာ ခံစစ်က တခြားနေရာတွေထက် မာကျောပါတယ် အာရွန်က တကယ်ကောင်းတဲ့ ခံစစ်မှူးပါ တစ်ဦးချင်းအတွေ့မှာတော့ ကျွန်တော် မြင်ဖူးသမျှထဲမှာ သူက အကောင်းဆုံးပါ ဒါပေမယ့် အသင်းကို မျှတမှုရှိအောင်ကျွန်တော်က ပြင်ပေးရပါတယ်။

ဂရင်းဝုဒ် အနေနဲ့ ကျန်းမာဖို့ လုပ်ရအုံးမှာပါ
သူ့အနေနဲ့ အဲဗာတန်နဲ့ ပွဲမှာလည်း အဖျားဝေတနာကြောင့်မပါဝင်နိုင်ခဲ့ပါဘူး နိုင်ငံလက်ရွေးစင်ဖြစ်လာလို့ လိုအပ်သေးပါတယ် ပြောကြားသွားပါတယ်။

ဆောက်ဂိတ် ရွေးချယ်ထားတဲ့ အင်္ဂလန်အသင်းကစားသမားစာရင်း!

Goalkeepers: Dean Henderson, Jordan Pickford, Nick Pope.

Defenders: Trent Alexander-Arnold, Ben Chilwell, Conor Coady, Eric Dier, Joe Gomez, Reece James, Michael Keane, Harry Maguire, Ainsley Maitland-Niles, Tyrone Mings, Bukayo Saka, Kieran Tripper, Kyle Walker.

Midfielders: Phil Foden, Jordan Henderson, Mason Mount, Declan Rice, James Ward-Prowse, Harry Winks.
Forwards: Tammy Abraham, Dominic Calvert-Lewin, Jack Grealish, Harry Kane, Marcus Rashford, Jadon Sancho, Raheem Sterling