Sports

ယူနိုက်တတ်အနေနဲ့ ပိုချက်တီနိုကို ဆက်သွယ်ခဲ့အပေါ်အပြစ်တင်ခဲ့တဲ့ ဖာဒီနန်

ယူနိုက်တက်ခံစစ်မှူးဟောင်း ရီယိုဖာဒီနန်က အသင်းအနေနဲ့ ပိုချက်တီနိုကို ဆက်သွယ်ခဲ့တဲ့အပေါ် ပြစ်တင်ခဲ့ပြီး လက်ရှိနည်းပြ ဆိုးလ်ရှားအပေါ် ယခုထက်ပိုမိုပြီး လေးစားမှုရှိသင့်တယ်လို့ ပြောဆိုသွားခဲ့ပါတယ် ပရီးမီးယားလိဂ် အင်အားကြီး အသင်း ယူတတ်နိုက်က ရလဒ်တွေ ဆက်တိုက် ဆိုးဝါးနေတဲ့ နည်းပြဆိုးလ်ရှား နေရာမှာ စပါးအသင်း နည်းပြ ဟောင်းပိုချက်တီနိုကို ရာထူးခန့်အပ် ဆက်သွယ် နေတာတွေ နှုတ်အားနဲ့သဘောတူညီမှု ရခဲ့တာတွေ စပိန်အခြေစိုက် သတင်းဌာနက ဖော်ပြသွားပါတယ် ဒါဟာ လက်ရှိနည်းပြဆိုးရှားအပေါ် လေးစားမှုမရှိတာပါ ဆိုးလ်ရှားကို လေးစားမှု ရှိသင့်တယ်လို့ပြောကြားသွားတယ်။


ယူနိုက်တက်တို့ဟာ အာဆင်နယ်နဲ့ အစ္စတန်ဘူလ်တို့ကို ၂ပွဲဆက်တိုက် စိတ်ပျက်ဖွယ်ခြေစွမ်းနဲ့အတူ ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းဟာ စပါးနည်းပြဟောင်း ပိုချက်တီနိုကို ခေါ်ယူဖို့ဆက်သွယ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်ခဲ့ပါတယ်။ယူနိုက်တက်တို့ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ နိုင်ပွဲပြန်လည်ရရှိခဲ့ပါတယ်။ဒီနိုင်ပွဲဟာ ဆိုးလ်ရှားအပေါ် ကျရောက်နေတဲ့ ဖိအားတွေကို အနည်းငယ် လျှော့ချပေးနိုင်ခဲ့ပါတယ်။

ဖာဒီနန်က “ယူနိုက်တက်ဟာ ယခုသီတင်းပတ်တွေအတွင်းမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေပြသနိုင်ဖို့ လိုအပ်နေပါတယ်။အသင်းအပေါ်မှာ ဖိအားတွေ အတော်အတန်ကျရောက်နေပါတယ်။

မီဒီယာတွေကတော့ ပိုချက်တီနိုနဲ့ စကားပြောခဲ့တယ်ဆိုတဲ့ သတင်းတွေကိုပဲ ပလူပျံအောင် ဖော်ပြနေပါတယ်ကျွန်တော်ဒီသတင်းတွေကို ကြားသိနေရပါတယ်အသင်းအနေနဲ့ ဆိုးလ်ရှားအပေါ် မလေးစားတဲ့ အပြုအမူမျိုးကို မလုပ်သင့်ဘူးလို့ထင်ပါတယ်လို့ ပြောဆိုသွားခဲ့ပါတယ်ယူနိုက်တက်တို့ဟာ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာတော့ ၀က်စ်ဘရွန်းအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ရင်‌ဆိုင်ကစားရမှာဖြစ်ပါတယ်။