Sports

မန်ယူအသင်း ပရီးမီးယားလိဂ်ဖလား ရယူနိုင်မယ် ပြောခဲ့

အဂ်လန် ပရီးမီးယားလိဂ် ရဲ့ အသင်းကြီးဖြစ်တဲ့ ​မန်ချက်စတာယူနိုက်တတ်ဟာ အမှတ်ပေးဖလား မရတာ အချိန်ကြာမြင့်နေပါပြီ ယူနိုက်တတ်အနေနဲ့ ဖလားရဖို့ဆိုရင် ကွင်းလယ်က ဖန်းတီးမှုတွေ ဆက်တိုက်လုပ်ပေးနေတဲ့ ဖာနန်ဒက်စ်လို့ အသင်းအပေါ် ပေးစပ်တဲ့ ကစားသမား လေးယောက် ခေါ်ယူမယ်ဆို ပရီးမီးယားလိဂ် ဖလားကို ရယူနိုင်မှာပါ ဖန်တီးမှုတွေ လုပ်ပေးသမျှကို အဆုံးသတ်သေချာတဲ့ ကာဗာနီ လို့ တိုက်စစ်က အားရစရာပါ လို့ ဆာဟာက ပြောခဲ့ပါတယ်။

ကွင်းလယ်ကစားသမား အသစ်ခေါ်ယူခဲ့တဲ့ ဗန်ဒီဘိခ်ဟာ စွမ်းဆောင်ရည်တွေ အပြည့်အဝရှိနေပါတယ် ခေါ်ယူမှု မှန်ကန်တဲ့ ယူနိုက်တတ်အသင်းဟာ ကွင်းလယ်အင်အားက တောင်းတင်းနေပြီ ဗန်ဒီဘိခ်ဟာ မန်ယူအသင်းရဲ့ ပွဲဦးထွက် ကစားသွားခဲ့တဲ့ ပဲလေ့စ်နဲ့ပွဲမှာ တစ်ဂိုးသွင်းပေးနိုင်ခဲ့ပြီး လုပ်အားနှုန်းလည်းကောင်းမွန်တာကို ပြသနိုင်ခဲ့ပါသေးတယ် သူ့အနေနဲ့ ပုံမှန် ပွဲထွက်ခွင့်ရဖို့ မျှော်လင့်နေပါတယ်။

တကယ်လို့ ဖာနန်ဒက်စ်နဲ့အတူ ဗန်ဒီဘိခ်၊ ပေါ့ဂ်ဘာတို့ကို ပွဲထုတ် လိုက်မယ်ဆိုရင် ကွင်းလယ်အနေအထားက အဆင့်တစ်ဆင့်ပိုမြင့်သွားမှာ အမှန် ပါပဲနည်းပြဆိုးလ်ရှားအနေနဲ့ ဗန်ဒီဘိခ်ကို ကွင်းလယ်မှာ ကျောနံပါတ် ၈ ရဲ့ အခန်းကဏ္ဍမျိုးပေးအပ်ထားပြီး ဖာနန်ဒက်စ်ကတော့ ကျောနံပါတ် ၁၀ အခန်းကဏ္ဍပုံစံမျိုး ထမ်းဆောင်ရမှာပါ။

ဆာဟာက လက်ရှိအချိန်မှာအားလုံးကဆိုးလ်ရှားကို အာရုံစိုက်နေပေမယ့် တကယ်တမ်း ယခုရလာဒ်တွေရဲ့ ပြသနာက အင်အားဖြည့်တင်းရေးရဲ့ အဓိကအားနည်းချက်ကြောင့်ပါ ဖရဒ်လို ကစားသမား အသစ်မျိုးက အသင်းကိုကောင်းမွန်တဲ့စွမ်းရည်မျိုးထပ်ဖြည့်နိုင်ပေးမယ့် ပြောင်းလဲနိုင်စွမ်းတော့ မရှိပါဘူး ဘရူနို လိုခေါ်ယူမှု့မျိုးကနောက်ထပ် လေးယောက်လောက်ထက်ခေါ်ဖို့လိုပါလိမ့်မယ် ကစားသမားအသစ်​ ကောင်းမွန်စွာနားလည်ထားဖို့ကတကယ်ကိုအရေးကြီးပါတယ် ကျနော့်အနေနဲ့ ယူနိုက်တဒ်မှာ ချန်ပီယံလိဂ်ဖလား ရရှိထားဖူးတဲ့ ဒါမှမဟုတ် ရလိုစိတ်ပြင်းပြတဲ့ကစားသမားမျိုးကိုမြင်တွေ့လိုတာအမှန်ပါပဲ ဒါကအသင်းမှာ လိုအပ်နေတဲ့အဓိကအချက်ပါလို့ဆိုပါတယ်။

Unicode



