Sports

ယူနိုက်တတ်ဂန္တဝင်ကစားသမားကတော့ လီပါပူးလ်အသင်းသာ အမှတ်ပေးဖလားရမယ်ပြော

ယူနိုက်တက်ဂန္တဝင်ကစားသမား ရွိုင်ကိန်းကတော့ ယခုရာသီမှာလီပါပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို ပြန်လည်ရယူနိုင်မယ်လို့ မျှော်လင့်နေကြောင်း ပြောကြားသွားခဲ့ပါတယ်။ ဂျာဂျင်ကလော့ရဲ့ လီပါပူးလ်အသင်းဟာ မနှစ်ကဘောလုံးရာသီပရီးမီးယားလိဂ် (၃၈)ပွဲကစားရာမှာ(၃၂)ပွဲအနိုင်ရယူနိုင်ခဲ့ပြီး ဒုတိယနေရာမှမန်စီးတီးအသင်းကို (၁၈)မှတ်ဖြတ်ကာဖလားရရှိခဲ့ပါတယ်။

လီပါပူးလ်အသင်းဟာ တနင်္ဂနွေနေ့မှာ မန်စီးတီးအသင်းကို(၁)ဂိုးစီ သရေကျခဲ့တာကြောင့် ပရီးမီးယားလိဂ်အမှတ်‌ပေးဇယားရဲ့ အဆင့်(၃)နေရာကိုတက်လှမ်းလာနိုင်ခဲ့ပြီး ပထမနေရာမှလက်စတာအသင်းနှင့် ရမှတ်(၁)မှတ်သာကွာဟနေပါတယ်။

တော့တင်ဟမ်၊ဆောက်သမ်တန်နှင့် ချယ်လ်ဆီးအသင်းတို့ဟာ ယခုဘောလုံးရာသီကို အကောင်းမွန်ဆုံးခြေစွမ်းဖြင့် စတင်နိုင်သော်လည်း လီပါကူးလ်အသင်းကို တားဆီးဖို့ရာအချိန်ယူရမည်ဖြစ်‌ကြောင်း ရွိုင်ကိန်းကပြောကြားသွားခဲ့ပါတယ်။

“လီပါပူးလ်အသင်းရဲ့ စွမ်းဆောင်ရည်ကို ကျွန်တော်တို့အားလုံးသိထားကြပါတယ်။ အပြုအမူတွေ၊ စိတ်နေစိတ်ထားတွေနှင့် နိုင်ပွဲဆာလောင်မှုတွေဟာ လီပါပူးလ်အသင်းမှာ များစွာတွေ့မြင်နေရပါတယ်။”

“ဒါကြောင့်လီပါပူးလ်အသင်းကို တားဆီးဖို့ရာ အချိန်ယူရမယ်လို့ ကျွန်တော်ထင်နေပါသေးတယ်။ ယခုအချိန်မှာသူတို့ဟာ အကောင်းဆုံးပုံစံမှာ ရှိမနေပေမယ့်ရလဒ်ကောင်း ရရှိအောင်တော့ စွမ်းဆောင်နိုင်ပါသေးတယ်။”

“ဂျာဂျင်ကလော့အနေနှင့်လည်း ပွဲရလဒ်အပေါ် ကျေနပ်လိမ့်မယ်လို့ထင်ပါတယ်။ လက်ရှိချန်ပီယံအသင်းဟာ ဒဏ်ရာပြဿနာတွေကြောင့် အသင်းအင်အားကျဆင်းနေသလို စိတ်ပျက်စရာကိစ္စတွေရှိနေကြောင်း လီပါပူးလ်အသင်းရဲ့ယ‌နေ့ပွဲစဉ်မှာ တွေ့မြင်ခဲ့ရပါတယ်။”

“မန်စီးတီးအသင်းကတော့ အရမ်းကိုစိုးရိမ်ဖို့ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူတို့အသင်းပွဲစဉ်တွေဟာ အမြဲတမ်းအရမ်းကြည့်လို့ကောင်းပေမယ့် ဂိုးတွေပျောက်ဆုံးနေရပါတယ်။ ဒါကြောင့်သူတို့အတွက် ပရီးမီးယားလိဂ်ဖလားရရှိဖို့ရာ ခက်ခဲလိမ့်မယ်လို့ ကျွန်တော်ထင်မိပါတယ်။”

“သူတို့အသင်းလူစာရင်းမှာ တိုက်စစ်မှူး(၂)ယောက်သာရှိပြီး အသင်းဘုတ်အဖွဲ့အနေနှင့် သူတို့ကိုယ်သူတို့တောင် ဝေဖန်သင့်ပါတယ်။ ပရိသတ်တွေဟာဘုတ်အဖွဲ့ကို ဆဲဆိုသင့်ပါတယ်။ မန်စီးတီးအသင်းဟာ ယခုပရီးမီးယားလိဂ်ဘောလုံးရာသီမှာ ချန်ပီယံဆုရရှိဖို့ ကျွန်တော်မမြင်ပါဘူး။”လို့ ယူနိုက်တက်ဂန္တဝင်ကစားသမား ရွိုင်ကိန်းကပြောကြားသွားခဲ့ပါတယ်။

Sunday Night Football အစီအစဉ်ကို ပါဝင်တင်ဆက်ခဲ့သော ကာရဂါကလည်း ” မနှစ်ကရာသီကစားပုံအတိုင်း ဘယ်အသင်းကိုမှမကြည့်သင့်ပါဘူး။ ယခုရာသီဟာရာသီကြိုလေ့ကျင့်ရေးတွေမရှိတာကြောင့် ထူးဆန်းတဲ့ဘောလုံးရာသီ တစ်ခုဖြစ်ပါတယ်။”

“ယခုအချိန်မှာတော့ လီပါပူးလ်အသင်းဟာ မန်စီးတီးအသင်းထက် မနှစ်ကရာသီခြေစွမ်းကို ပြန်လည်ရရှိနိုင်တဲ့လက္ခဏာတွေ ပိုရှိနေတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။”

“လွန်ခဲ့တဲ့(၂)ရာသီက ရခဲ့တဲ့ရမှတ်တွေလိုမျိုး ယခုဘောလုံးရာသီမှာ ဘယ်အသင်းမှရရှိလိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး။ ဒါကြောင့်ယခုရာသီမှာ အသင်းတိုင်းဟာပိုမိုကြိုးစားဖို့ လိုအပ်ပါတယ်။”လို့ လီပါပူးလ်ဂန္တဝင်ကစားသမား ဂျေမီကာရေဂါက ပြောကြားသွားခဲ့ပါတယ်။

မန်စီးတီးနှင့် အင်္ဂလန်လက်‌ရွေးစင် နောက်ခံလူဟောင်း မီကာရစ်ချက်ကလည်း ရွိုင်ကိန်း ၊ ကာရေဂါ၏ အဆိုကို ထောက်ခံခဲ့ပါတယ်။ ” လီပါပူးလ်အသင်းဟာ ထူးခြားကောင်းမွန်တဲ့ အသင်းတစ်သင်းပါ။ မန်စီးတီးအသင်းဟာလည်းသူတို့လိုပဲ ‌ခြေစွမ်းခြင်းနီးစပ်ကြပေမယ့် ချန်ပီယံဆုဖလားကိုရရှိဖို့ရာ ကျွန်တော်သေချာမသိပါဘူး။

” ဗန်ဒိုက်မရှိတဲ့ လီပါပူးလ်အသင်းဟာပြဿနာတွေ ကြုံတွေ့နေရပါတယ်။ သို့ပေမယ့်လည်း လီပါပူးလ်အသင်းဟာ ‌ထူးခြားကောင်းမွန်နေသေးပြီး သူတို့ကစားနေတဲ့ ပုံစံကို ကျွန်တော်နှစ်သက်မိပါတယ်။”လို့ မီကာရစ်ချက်မှ Sky Sports ပြောကြားသွားခဲ့ပါတယ်။

Unicode














#ခရက်ဒစ်