Sports

ရီးရဲလ်မက်ဒရစ်မှ ပေါ့ဂ်ဘာကို တစ်နှစ်လုပ်ခ ယူရို ၁၅ သန်းပေးခေါ်ဖို့ ပြင်ဆင်နေ

ယူႏိုက္တတ္အသင္းရဲ႕ ကြင္းလယ္ကစားသမား ေပါ့ဂ္ဘာ ကို တစ္ႏွစ္လုပ္ခ ယူ႐ို ၁၅ သန္းေပးေခၚဖို႔ ျပင္ဆင္ေနတဲ့ ရီးရဲလ္

ရီးရဲလ္မက္ဒရစ္အသင္းဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ အနည္းငယ္အဆင္မေျပျဖစ္ေနတဲ့ ကြင္းလယ္လူေပါ့ဂ္ဘာကို ေခၚယူဖို႔ ျပန္လည္လႈပ္ရွားေနၿပီလို႔ သိရပါတယ္။ ေပါ့ဂ္ဘာကို တစ္ပတ္လုပ္ခေပါင္ႏွစ္သိန္းေျခာက္ေသာင္းအထိေပးေခ်ကာ ေခၚယူသြားဖို႔ စီစဥ္ေနတယ္လို႔ စပိန္ သတင္းဌာနေတြက ေဖာ္ျပခဲ့ၾက ပါတယ္။

ရီးရဲလ္အေနနဲ႔ ၿပီးခဲ့တဲ့ကာလေတြမွာ ေပါ့ဂ္ဘာကို စိတ္ဝင္စားတယ္လို႔ လူသိရွင္ၾကားထုတ္ေဖာ္ေျပာဆိုျခင္းမရွိခဲ့ေပမယ့္ ေခၚယူခ်င္တဲ့အရိပ္အေယာင္ေတြကိုေတာ့ ျပသခဲ့ပါတယ္။ ေပါ့ဂ္ဘာကေတာ့ အိုးထရက္ဖို႔ဒ္ကေန ထြက္ခြာခ်င္တယ္လို႔ လူသိရွင္ၾကားထုတ္ေဖာ္ေျပာဆိုခဲ့ဖူးၿပီး အသင္းဘက္က သူ႔ကို ဆက္လက္ ထိန္းသိမ္းထားႏိုင္ခဲ့ ပါတယ္။

လက္ရွိမွာေတာ့ ေပါ့ဂ္ဘာဟာ ယူႏိုက္တက္အတြက္ ပုံမွန္ေျခစြမ္းမျပသႏိုင္သလို ပုံမွန္ကစားခြင့္လည္း မရရွိဘဲျဖစ္ေနပါတယ္။ လူစားဝင္ကစားသမားအျဖစ္နဲ႔ ဒီေနာက္ပိုင္းပြဲစဥ္ေတြကို ကစားေနရၿပီး ဆိုးလ္ရွားရဲ႕ ဦးစားေပးကစားသမားအျဖစ္ရွိေနေပမယ့္ ဖရက္ဒ္၊ ေတာ္မီေနး နဲ႔ ဖာနန္ဒက္စ္တို႔ရဲ႕ ပုံစံေကာင္းျပသေနမႈေတြက ေပါ့ဂ္ဘာကို အရန္ခုံမွာ ထိုင္ေနေစခဲ့ရၿပီး ပြဲထြက္ခြင့္ရေရးအတြက္လည္း ႐ုန္းကန္ေနရ တာျဖစ္ပါတယ္။

တစ္ဖက္မွာလည္း ရီးရဲလ္က ရလဒ္ေတြ အတိမ္းအေစာင္းျဖစ္ေနခဲ့ၿပီး ဒီရာသီမွာ အခက္ေတြ႕ေနရပါတယ္။ အထူးသျဖင့္ တိုနီခ႐ူးစ္နဲ႔ မိုဒရစ္တို႔ေနရာကို အစားထိုးႏိုင္မယ့္ ကစားသမား ရွားပါးေနၿပီး ကစားသမားသစ္လည္းမေခၚယူဘဲ ရာသီသစ္ကို စတင္ခဲ့ပါတယ္။ အခုလို ရလဒ္ေတြ နိမ့္ပါးလာခ်ိန္မွာေတာ့ ဇီဒန္းက ေပါ့ဂ္ဘာကို ေခၚယူဖို႔ ျပန္လည္ျပင္ ဆင္လာခဲ့ၿပီး တစ္ပတ္လုပ္ခေပါင္ႏွစ္သိန္းေျခာက္ေသာင္းအထိ ေပးေခ်သြားဖို႔ရွိေနတယ္လို႔ သိရပါတယ္။

#ခရက္ဒစ္ shwe sport

Unicode

ယူနိုက်တတ်အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ ကို တစ်နှစ်လုပ်ခ ယူရို ၁၅ သန်းပေးခေါ်ဖို့ ပြင်ဆင်နေတဲ့ ရီးရဲလ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ အနည်းငယ်အဆင်မပြေဖြစ်နေတဲ့ ကွင်းလယ်လူပေါ့ဂ်ဘာကို ခေါ်ယူဖို့ ပြန်လည်လှုပ်ရှားနေပြီလို့ သိရပါတယ်။ ပေါ့ဂ်ဘာကို တစ်ပတ်လုပ်ခပေါင်နှစ်သိန်းခြောက်သောင်းအထိပေးချေကာ ခေါ်ယူသွားဖို့ စီစဉ်နေတယ်လို့ စပိန် သတင်းဌာနတွေက ဖော်ပြခဲ့ကြ ပါတယ်။

ရီးရဲလ်အနေနဲ့ ပြီးခဲ့တဲ့ကာလတွေမှာ ပေါ့ဂ်ဘာကို စိတ်ဝင်စားတယ်လို့ လူသိရှင်ကြားထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပေမယ့် ခေါ်ယူချင်တဲ့အရိပ်အယောင်တွေကိုတော့ ပြသခဲ့ပါတယ်။ ပေါ့ဂ်ဘာကတော့ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာချင်တယ်လို့ လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့ဖူးပြီး အသင်းဘက်က သူ့ကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ ပါတယ်။

လက်ရှိမှာတော့ ပေါ့ဂ်ဘာဟာ ယူနိုက်တက်အတွက် ပုံမှန်ခြေစွမ်းမပြသနိုင်သလို ပုံမှန်ကစားခွင့်လည်း မရရှိဘဲဖြစ်နေပါတယ်။ လူစားဝင်ကစားသမားအဖြစ်နဲ့ ဒီနောက်ပိုင်းပွဲစဉ်တွေကို ကစားနေရပြီး ဆိုးလ်ရှားရဲ့ ဦးစားပေးကစားသမားအဖြစ်ရှိနေပေမယ့် ဖရက်ဒ်၊ တော်မီနေး နဲ့ ဖာနန်ဒက်စ်တို့ရဲ့ ပုံစံကောင်းပြသနေမှုတွေက ပေါ့ဂ်ဘာကို အရန်ခုံမှာ ထိုင်နေစေခဲ့ရပြီး ပွဲထွက်ခွင့်ရရေးအတွက်လည်း ရုန်းကန်နေရ တာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ရီးရဲလ်က ရလဒ်တွေ အတိမ်းအစောင်းဖြစ်နေခဲ့ပြီး ဒီရာသီမှာ အခက်တွေ့နေရပါတယ်။ အထူးသဖြင့် တိုနီခရူးစ်နဲ့ မိုဒရစ်တို့နေရာကို အစားထိုးနိုင်မယ့် ကစားသမား ရှားပါးနေပြီး ကစားသမားသစ်လည်းမခေါ်ယူဘဲ ရာသီသစ်ကို စတင်ခဲ့ပါတယ်။ အခုလို ရလဒ်တွေ နိမ့်ပါးလာချိန်မှာတော့ ဇီဒန်းက ပေါ့ဂ်ဘာကို ခေါ်ယူဖို့ ပြန်လည်ပြင် ဆင်လာခဲ့ပြီး တစ်ပတ်လုပ်ခပေါင်နှစ်သိန်းခြောက်သောင်းအထိ ပေးချေသွားဖို့ရှိနေတယ်လို့ သိရပါတယ်။

#ခရက်ဒစ် shwe sport