Sports

ဗုဒ္ဓဟူးနေ့ည ပရီးမီးယားလိဂ်သတင်းများ

လက်စတာအသင်းသည် ဒီနှစ်ရာသီမှာလည်း နောက်တန်းကို အကောင်းဆုံး ဦးဆောင်ထားနိုင်နေဆဲ နောက်တန်းကစားသမား အီဗန်ကို စာချုပ်သစ်ချုပ်ဆိုသွားနိုင်ဖို့ စတင်ကြိုးပမ်းနေပြီ ဖြစ်ပါတယ်။ အသက်32 နှစ်အရွယ် မြောက်အိုက်ယာလန် ကစားသမားသည် ဒီနှစ်ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မဲ့သူ ဖြစ်ပါတယ်။

အဲဗာတန်အသင်းရဲ့ တိုက်စစ်ကစာသမား ဘိုလာဆေးကတော့ အဲဗာတန်အသင်းရဲ့ 25 ဦးပါ ပရီးမီးယားလိဂ်ကစားသမားစာရင်းမှာ ပါဝင်ခွင့်မရတာနဲ့ပတ်သက်လို့ စိတ်ပျက်ခဲ့ရပေမဲ့ သူ့အနေနဲ့ အကောင်းဆုံးပုံစံတွေ ပြသနိုင်ဖို့အတွက် ဆက်လက်ကြိုးစားလေ့ကျင့်နေပြီး ကိုယ့်အရည်အသွေးကိုယ် ယုံကြည်မှုအပြည့်ရှိကြောင်း ကြုံးဝါးပြောဆိုခဲ့ပါတယ်။

ချဲလ်ဆီးအသင်းကနေ လာမဲ့ဆောင်းရာသီဈေးကွက်မှာ ထွက်ခွာဖို့ ဆန္ဒပြင်းပြနေတဲ့ နောက်တန်း ကစားသမား အီမာဆင်ကို စီးရီးအေ အင်အားကြီး ဂျုဗင်တပ် အသင်းက ခေါ်ယူနိုင်ဖို့ စတင်ကြိုးပမ်းလာခဲ့ပြီဖြစ်တယ်လို့ အီတလီသတင်းဌာနတွေက ဖော်ပြထားပါတယ်။

ယူနိုက်တက်အသင်းသည် အက်စ်တွန်ဗီလာအသင်းအတွက် ခြေစွမ်းကောင်းတွေ ပြသနေတဲ့ အင်္ဂလန်ကြယ်ပွင့် ကွင်းလယ် ကစားသမား ဂရေးလစ် ကို လာမဲ့ဆောင်းရာသီဈေးကွက်မှာ ခေါ်ယူဖို့ ကြိုးပမ်းသွားမယ်လို့ Manchester Evening News က ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း ပေါလ်ပေါ့ဂ်ဘာကို လက်လွှတ်ရနိုင်တဲ့ အခြေအနေကို ရောက်လာမှသာ အပြောင်းအရွှေ့ကို အကောင်အထည်ဖော်မှာဖြစ်ကြောင်းလည်း သိရပါတယ်။

အာဆင်နယ်အသင်းသည် လက်ရှိအချိန်မှာ ဂျာမန်ကလပ် ဒေါ့ထ်မန်အတွက် ကစားနေပြီး အလားအလာကောင်းနဲ့ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ အင်္ဂလန်ကြယ်ပွင့် ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်ကို 2019 ခုနှစ်အတွင်း ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေအထိ ရောက်ရှိခဲ့ပြီးမှ လက်လွှတ်ခဲ့ရတာဖြစ်တယ်လို့ Sky Sports က ဖော်ပြထားပါတယ်။ အသက် 17 နှစ် အရွယ် ဘယ်လင်ဟမ် သည် အင်္ဂလန်ရဲ့ အနာဂတ်မှာ တောက်ပလာမယ့် ကြယ်ပွင့် ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက မှတ်ချက်ပြုခြင်း ခံထားရသူ ဖြစ်ပါတယ်။

Unicode






Ref: Goal, BBC Gossip

ခ ရက် ဒစ် Myanmar Sport Diary