Sports

ကြာသပတေးနေ့ရဲ့ ယူနိုက်တတ် နောက်ဆုံးရသတင်း

ယူနိုက်တက် အသင်းသည် လက်ရှိအချိန်မှာ ဂိုးသမား ရိုမီယိုကို လက်မလွှတ်ရသေးတဲ့ အကြောင်းအရင်းမှာ ဟန်ဒါဆန်ကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့စျေေးကွက်ထဲမှာ အငှားချထားဖို့ အစီအစဉ်တွေရှိနေတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ တကယ်လို့သာ ဟန်ဒါဆန်သာ အငှားထွက်ခဲ့မယ်ဆိုရင် ရိုမီယိုအနေနဲ့ ယူနိုက်တက်မှာပဲ ဆက်လတ်ပြီးတော့ ရှိနေဦးမှာဖြစ်ပါတယ်။

ဂျုဗင်တပ် အသင်းသည် သူတို့ရဲ့တိုက်စစ် ကစားသမား ရော်နယ်ဒိုကို ပီအက်စ်ဂျီတိုက်စစ် ကစားသမား နေမာနဲ့ အလဲအထပ်ပြုလုပ်ဖို့အတွက်ပီအက်စ်ဂျီအသင်းထံလမ်းဖွင့်ပေးထားတယ်လို့ သိရပါတယ်။ဒါပေမဲ့ ရော်နယ်ဒိုကတော့ ယူနိုက်တက်ဆီကိုသာပြန်လာဖို့အတွက်အလိုရှိနေတဲ့ အခြေအနေမျိုးမှာရှိနေတယ်လို့ သိရပါတယ်။

အဲဗာတန်နဲ့ ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တဲ့ လုခ်ရှော အနေနဲ့ အနည်းဆုံး တစ်လခွဲ နှစ်လကြာအနားယူရဖွယ်ရှိနေတယ်လို့ သိရပါတယ်။လုခ်ရှောဒဏ်ရာရရှိသွားခဲ့မှုကြောင့် ယူနိုက်တက်ရဲ့ နောက်တန်း နေရာမှာ တဲလက်တစ်ယောက်ပါဝင်ပွဲထွက်လာရဖို့ရှိနေတာပဲဲဖြစ်ပါတယ်။

ယူနိုက်တက်အသင်းသည် လာမယ့်နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာကို ရောင်းချသွားဖို့အတွက်စီစဉ်လျက်ရှိနေတယ်လို့ သိရပါတယ်။ ပေါ့ဘာဟာ ပြီးခဲ့တဲ့ လတုန်းက သူ့အနေနဲ့ ရီးရဲလ်မက်ဒရစ်ကိုပြောင်းရွှေ့ကစားချင်တယ်လို့ပြောကြားခဲ့ပြီးတဲ့နောက်ပိုင်း အပြောင်းအရွှေ့သတင်းတွေဟာအခုလိုပြန်လည်လှုပ်ခတ်လာခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့အတွက် ရုန်းကန်နေရတဲ့ တိုက်စစ် ကစားသမား ဂျိမ်းသည် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်ထဲမှာ အငှားထွက်ခွာကစားဖွယ်ရှိနေတယ်လို့ သတင်းတွေကဖော်ပြခဲ့ပါတယ်။

လက်ရှိအချိန်မှာ ယူနိုက်တက် အသင်းမှ အင်္ဂလန်ကြယ်ပွင့် တိုက်စစ် ကစားသမား ဂရင်းဝုဒ်သည် မီဒီယာေတွေရဲ့ထိုးနှက်မှုတွေကြောင့်ရရှိနေတဲ့စိတ်ခံစားမှုတွေကို အကောင်းဆုံးကျော်ဖြတ်နိုင်ဖို့ယူနိုက်တက်နည်းပြအဖွဲ့ဝင်တွေကဂရုတစိုက်စောင့်ရှောက်ပေးနေတယ်လို့သိရပါတယ်။

ခ ရက် ဒစ် မန် ယူ နေ့ စဉ်

Unicode







ခ ရက် ဒစ် မန် ယူ နေ့ စဉ်