Sports

မေ့လျော့ခံ အာဂျင်တီးနားသားကြီး

ယူနိုက်တက်အသင်း အနေနဲ့ အကယ်ဒမီထွက် ဂိုးသမား ဟန်ဒါဆန် ရောက်ရှိလာခြင်းနဲ့ အတူ အာဂျစ်တီးနားသားကြီးဂိုးသမားကြီး ရိုမဲရိုး အနေနဲ့ ချန်ပီယံလိဒ် လူစာရင်းမှာ မပါ၀င်လာခဲ့ပေ။ နည်းပြ ဆိုးရှား အနေနဲ့ ဟန်ဒါဆန်ကို ပိုမို အသုံးပြုခဲ့ပြီး ပွဲထွက် လူစာရင်းမှာ ဂိုးသမားနေရာ၌ ရိုမဲရိုးကို ချန်လှပ်ခြင်းခံခဲ့ရပါတယ်။ ထို့အပြင် အပြောင်းအရွေ့ ‌သတင်းများစွာ ထွက်ရှိခဲ့ပြီး ရိုမဲရိုး အနေနဲ့ အသင်းမှာ ဆက်လက်ရှိဖို့ ပိုမိုအားသန် ခဲ့ပါတယ်။

အသင်းရယ့် ဥပက္ခာ ပြုမှု ဆိုးရှားရယ့် လူစာရင်း ချန်လှပ်ထားမှုတေက ရိုးမဲရိုးအနေနဲ့ ပြောင်းရွေ့ဖို့ သေချာသလောက်လည်း ရှ်ိနေပါတယ်။ ဂိုးသမား ရိုးမဲရိုး အနေနဲ့ ယူနိုက်တက်နှင့်အတူ ပြိုင်ပွဲစုံ 61ပွဲ ပါ၀င် ကစားထားပြီးတော့ clean sheets အနေနဲ့ 39ပွဲ ရယူထားတာလည်း ဖြစ်ပါတယ်။

ရိုမဲရိုး အနေနဲ့ အာဂျစ်တီးနား အသင်းနဲ့အတူ 2010 2014 ကမ္ဘာ့ဖလားနှစ်ကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခွင့်လည်း ရရှိခဲ့ပါတယ်။ နယ်သာလန်အသင်းနဲ့ ပင်နယ်တီအဆုံးအဖြတ် ဖြင့်အနိုင်ရရှိခဲ့တဲ့ ဆီးမီးဖိုင်နယ်ပွဲစဉ်မှာလည်း အသင်းအတွက် အနိုင်ရယူပေးခဲ့တဲ့ ဂိုးသမားကြီးလည်း ဖြစ်ပါတယ်။

ထို့အပြင် ယူနိုက်တက်အသင်းနဲ့ အတူ ယူရိုပါလိဒ်ဗိုလ်လုပွဲ အေဂျက်နဲ့ပွဲစဉ် မှာလည်း 2.0ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး clean sheetလည်း ရယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

Unicode





TSSoe