Sports

ယူနိုက်တတ်မှာထွန်းလင်းတောက်ပဖို့ရှိတဲ့ ယူ (21) ကပ္ပတိန်

ယူ 21 ကပ္ပတိန် ယူနိုက်တတ်မှာ တောက်ပသွားမယ်

ယူနိုက်တက်ပရိသတ်တွေကို စိတ်ချမ်းသာစေမယ့် နောက်တန်း ကစားသမား ဖြစ်လာမယ့် ဝဲလ်ဖစ်ကတော့ သူရဲ့ စကေးတွေကို အသင်းလိုက် ထရိန်နင်မှာ ထုတ်ပြသွားခဲ့တယ်လို့ သိရဘာတယ် လက်ရှိယူနိုက်တက် အသင်းမှာ နောက်တန်းကစားသမား ကောင်းတွေ ရှားပါးနေခဲ့တဲ ယူနိုက်တက် အသင်းအတွက်တော့ မျှော်လင့်ချက်ဖြစ်လာခဲ့ပါပြီဖြစ်ပါတယ်  ပြီးခဲ့တဲ့ အသင်းထရိန်နင်မှာ လျှောထိုးဖျက်ထုတ်မှု သုံးကြိမ်အထိ လုပ်ပြသွားနိုင်တဲ့  17 နှစ်သား အင်္ဂလန်ကြယ်ပွင့် နောက်တန်း ကစားသမား ဝဲလ်ဖစ် ဖြစ်ပါတယ် ။

ဝဲလ်ဖစ် က ယူနိုက်တက်အကယ်ဒမီကနေ ပေါက်ဖွားလာတဲ့ နောက်တန်း ကစားသမား တစ်ဦးဖြစ်ဘာတယ် ယူနိုက်တက် ယူ  16  မှာ ကပ္ပတိန်လုပ်နေတဲ့ ဝဲလ်ဖစ် ရဲ့ခြေစွမ်းက ထင်ပေါ်လာတဲ့အတွက် အဆင့်မြင့်တဲ့အနေနဲ့ တန်းတင်ပေးခဲ့ပြီး ယူနိုက်တက် ယူ 21 ကိုတက်ကစားခဲ့ရပါတယ် မန်နေဂျာ နီးလ်ဝုဒ်ရဲ့ ယူ 21 မှာပါ ကပ္ပတိန်အဖြစ်နဲ့ဦးဆောင်ပွဲထွက်ချိန်မှာတော့ ဝဲလ်ဖစ် ကို ပရိတ်သတ်တွေ သတိထားမိလာတာ တွေ့ရပါတယ် ။

အရပ်လည်းရှည်သလို ခန္ဓာကိုယ်ပိုင်းဆိုင်ရာ တောင့်တင်းနေတဲ့ ဝဲလ်ဖစ်ရှ်က ထရိန်နင်မှာ ဂိုးအဖြစ်ပြောင်းလဲတော့မယ့် တိုက်စစ်ဆင်မှုတွေကို ဆက်တိုက်ဖျက်ပြခဲ့ချိန်၊ ဂိုးအဖြစ်ပြောင်းမယ့် တဂိုးကိုလည်း ဖျက်ထုတ်နိုင်ခဲ့ပါတယ်။ အခုလို ခြေစွမ်းပြတဲ့ ဝဲလ်ဖစ် ရဲ့ခြေစွမ်းကို ထရိန်နင်မှာလာကြည့်တဲ့ ယူနိုက်တက်ပရိသတ်တွေမြင်တွေ့ခဲ့ချိန်မှာတော့ အသင်းကြီးကို ဆွဲခေါ်ဖို့ တောင်းဆိုမှုတွေရှိလာခဲ့ပါတယ်။

ဒါပမေဲ့ ကစားသမားကို ဆိုးလ်ရှားလက်ထက်မှာ ယူနိုက်တက် အသင်း ဆီခေါ်သုံးဖို့ထက် ယူ ( 21 ) မှာပဲအရင်ခေါ်သုံးဖို့ ပြင်ဆင်ထားတယ်လို့သိရပါတယ်။ လက်ရှိမှာ အသက်အရွယ်အားဖြင့် ( 17 ) နှစ်တာ ရှိသေးပြီး ဝဲလ်ဖစ်သည် ခြောက်ပွဲအထိ ပွဲထွက်ထားရပြီဖြစ်ပြီး၊ ယူ ( 21 ) ပွဲစဉ် ကာရာဘောင်ဖလားမှာလည်း လိဂ်တူးကလပ် စတမ်းဖို့ဒ်ကို ( 0 – 6 ) နဲ့နိုင်တဲ့အထိခြေစွမ်းပြထားပြန်ပါတယ်။

ပရိသတ်တွေကတော့ ဘိုင်လီနဲ့ လင်ဒီလော့ဖ်ထက်ကို ကောင်းတယ်လို့ ချီးကျူးနေကြပါတယ်။ ဝေဖန်လေကန်ရေး ဆိုရှယ်ဝက်ဘ်ဆိုက် Reddit မှာတော့ ဝဲလ်ဖစ်ရှ်ရဲ့ခြေစွမ်းကို ဘိုင်လီ၊ လင်ဒီလော့ဖ်ထက်ကို သာတယ်လို့ ပရိသတ်တွေက ဆိုထားပါတယ်။ ငယ်ရွယ်သေးတဲ့အတွက် အသင်းမှာဆက်ထိန်းထားပြီး၊ အသင်းကြီးကိုခေါ်သုံးဖို့လိုအပ်တာတော့ အမှန်ပဲဖြစ်ပါတယ်။


Unicode






ခ ရက် ဒစ် Myanmar Man Utd New