Sports

ဆရာကောင်းတပည့် ပန်းကောင်းပန်ဆိုတာပေါ့

မန်ချက်စတာယူနိုက်တက်၏ ကစားသမား ဘရူနိုဖာနန်ဒက်စ်ကို သူ၏ငယ်စဉ်ကလေးဘဝ နည်းပြက ကွင်းလယ် ကစားသမား ဖြစ်ခြင်းက သူကိုထိပ်တန်းကစားသမား တစ်ယောက် ဖြစ်လာလိမ့်လို့ ယုံကြည်စွာ ပြောကြားခဲ့သည် ဘရူနိုဖာနန်ဒက် ငယ်စဥ်က လူငယ်တစ်ဦးအနေနှင့်သူ၏ကွဲပြားခြားနားသော ကစားပုံတွေနဲ့ စွမ်းဆောင်ရည် တွေကို ချပြခဲ့ပါတယ်။

ဖာနန်ဒက်သည် ပထမဆုံးကစားပွဲတွင် နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး နောက်ပွဲ​တွေမှာ သူအနေနဲ့ရှေ့တိုက်စစ်ကို ပြောင်းရွှေ့ကစားခဲ့ပါသေးတယ် ဒါပေမဲ့ နည်းပြဖြစ်သူက ဖာနန်ဒက်ရဲ့ကစားပုံကို ကွင်းလယ်မှာသာ အဖော်ပြုခဲ့မယ်ဆိုရင် နောက်တစ်ချိန်မှာ သူကပိုကောင်းတဲ့ကစားသမား တစ်လှည့်​ဖြစ်မယ် လို့အခိုင်အမာပြောဆိုပါတယ်။

ဖာနန်ဒက် ယခုချိန်မှာ ငယ်ဘဝဆရာရဲ့ လမ်းပြမှုနဲ့အတူ မန်ချက်စတာယူနိုက်တက်ရဲ့ ကွင်းလယ်ကြယ်ပွင့် တစ်ပွင့် ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး စံချိန်သစ်တွေနဲ့ အောင်မြင်တဲ့ အနေအထားကိုရောက်ရှိနေပါတယ် အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ ဖာနန်ဒက် အနေနဲ့ ၂၀၂၀၊ ဇန်နဝါရီလတွင် Sporting Lisbon အသင်းမှအသင်းမှ ပြောင်းရွှေ့လာပြီးနောက် ယူနိုက်တတ်ရဲ့အသင်းအတွက်အမြဲတမ်းအကောင်းဆုံးဖြစ်ခဲ့ပါတယ်။

ဖာနန်ဒက်အနေဖြင့် အဲဗာတန်နဲ့ ပွဲမှာ မန်ယူကစားသမားဘဝ ၁၀ပွဲမြှောက် ပရီးမီးယားလိဒ်
အဝေးကွင်းနိုင်ပဲဲဖြစ်သလို အဲ့၁၀ပွဲမှာ သွင်းယူခဲ့ သွင်းဂိုး ၁၅ကြိမ်တိတိ ပါဝင်ပတ်သက်ခဲ့ပါတယ်
ဖာနန်ဒက်ဟာ သွင်းဂိုး ၁၀ကြိမ်နဲ့ ဖန်တီးမှု ၅ကြိမ် လုပ်ဆောင်ပေးခဲ့ကာ ပရီးမီးယားလိဂ်ရဲ့ ဘယ်သူမှမရဖူးတဲ့ စွမ်းဆောင်ရည်ကို စံချိန်အသစ်ရေးထိုးခဲ့ပြီး ပရီးမီးယားလိဒ်ရဲ့ ကွင်းလယ်ကစားသမား လက်ရှိအချိန်မှာ ဂိုးသွင်းအများအဆုံးရယူထားတယ်လို သိရပါတယ်။

ငယ်ရွယ်စဉ်က နောက်တန်းတွင်ကစားရန်အားပေးခဲ့ပါသေးတယ် ငယ်ဘဝနည်းပြဖြစ်သူက ကွင်းလယ်က သူနဲ့အသင့်တော်ဆုံးလို့ ပြောကြားခဲ့ပါတယ်။

REF:Daily Mail
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode






REF:Daily Mail
PHOTOS CREDIT TO OWNERS
SPORTS GABER