Sports

CR7တစ်ယောက်ပဲ ကျော်ဖြတ်နိုင်မယ့်အရာတစ်ခု

ခရစ်စတီယာနိုရော်နယ်ဒိုကတော့ ဘောလုံး သမိုင်းမှာတစ်​လျောက်မှာ အကြီးမြတ်ဆုံးဘောလုံးသမားတစ် ဦး အဖြစ် ရပ်တည်ခဲ့တယ် သူဟာကလပ်အသင်း တွေနဲ့အဆင့်​မြင့် ခြေစွမ်းတွေ အောင်မြင် မူတွေကိုပြီးမြောက်အောင်ဆောင်ရွက်နိုင်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံးအသင်း သုံးသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်နှင့်ဂျူဗင်တပ်စ်အသင်းတို့ကိုကစားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ကစားခဲ့တဲ့ နှစ်တွေမှာ လိဂ်ဆု ၇ ခု၊ ဖလားခြောက်ခုနှင့်ချန်ပီယံလိဂ် ၅ ခုအပါအ၀ င်အဓိကဂုဏ်ထူး ၂၀ ရရှိခဲ့ပြီ ဥရောပချန်ပီယံလိဂ်နှင့်နိုင်ငံများအဖွဲ့ချုပ်ကိုသူ့နိုင်ငံပေါ်တူဂီနိုင်ငံနှင့်လည်းရယူခဲ့ပါသေးတယ် ရော်နယ်ဒိုဟာတစ်ဦး ချင်းအဆင့်တွင်အမှန်တကယ်ထွန်းလင်းခဲ့ပြီ ၅ ကြိမ်တိုင်တိုင်ကမ္ဘာ့အကြီးဆုံးကစားသမားအဖြစ်သတ်မှတ်ခံခဲ့ရပါတယ် သူရဲ့ထာဝရပြိုင်ဘက်က Lionel Messi ဖြစ်ပါတယ်။

ရော်နယ်ဒိုအနေနဲ့ ယခုအသက် ၃၅ နှစ်ရှိပြီ ဖြစ်သော်လည်း သူဟာ အသက်အရွယ်နှင့် တစ်ပြေးညီတိုးတက်မှု ရှိပုံရသော်လည်း အစဉ်အမြဲရှိမည်မဟုတ်ဟူသောအချက်ကိုလက်ခံရန်လိုအပ်ပါတယ်ကစားသမားအတော်များများကအသက်အရွယ်ရလာတာနဲ့အမျှ လုပ်ဆောင်မူပိုင်းကျဆင်းလာ​ပြီကစားသမားဘဝ ပြီးဆုံးရန်အလွန်နီးကပ်လာကြပါတယ်။

တကယ်တော့ရော်နယ်ဒိုဟာ ၄၁ နှစ်အထိကစားနိုင်မယ်လို့ယုံကြည်ထားတဲ့သူပါ မန်ချက်စတာယူနိုက်တက်၏ ကြံ့ခိုင်ရေ နည်းပြ Mick Clegg ကတော့ ရော်နယ်ဒိုမတိုင်ခင် ကိုယ်ခန္ဓာ​ ကြံ့ခိုင်တာက Ryan Giggs ဖြစ်ပါတယ် ဂစ်ကမန်ယူအသင်းတွင်အသက် ၄၀ အထိကစားနိုင်ခဲ့ရင်ရော်နယ်ဒိုဟာ ၄၁ နှစ်အထိကစားနိုင်မည့်ဖြစ်ပြီး သူတို့​ကအသေးစိတ်ကိုဂရုစိုက်ကြ ​တယ် ဒါကလျှို့ဝှက်ချက်ပဲ လို့ ​ပြောကြားခဲ့ပါတယ်။

REF:GiveMeSport
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode





REF:GiveMeSport
PHOTOS CREDIT TO OWNERS
SPORTS GABER