Sports

မဖြစ်နိုင်ဘူးဆိုတာ မန်ချက်စတာဒါဘီမှာတော့ မရှိ

မြို့ခံပြိုင်ဘက်အချင်းချင်း တွေ့ဆုံမှုတေရှိတိုင်း ပြိုင်ဆိုင်မှု ပြင်းထန်လေ့ရှိတာကတော့ ပရီးမီးယားလိဒ်မှာ မြင်နိုင်ပါတယ်။ ကျွန်တော်တို့ကြည့်နေကျ အမျိုးသားဘောလုံးပွဲစဉ်တေမှ မဟုတ်ပါဘူး အမျိုးသမီးပွဲစဉ်တေမှာလည်း ပြိုင်ဆိုင်မှုပြင်းထန်တာကို တွေ့မြင်ရပါတယ်။

မန်ချက်စတာဒါဘီ ဟာ အမျိုးသားတေမှ မဟုတ်ပါဘူး အမျိုးသမီးပွဲစဉ်မှာလည်း ပြိုင်ဆိုင်မှုက ပြင်းထန်လွန်းလှပါတယ် ယနေ့ည ကန်သွားတဲ့ ယူနိုက်တက်နဲ့ စီးတီးတို့ပွဲစဉ်မှာလည်း စီးတီးတို့ဟာ ပထမပိုင်းမှာ ခြေစွမ်းအသာ ရလဒ်ပိုင်း အသာ 2ဂိုး0ဆိုတဲ့ အခြေအနေနဲ့ ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်းပြန်အစမှတော့ ယူနိုက်တက်တို့က စီးတီးအပေါ်ဖိအားပြန်လည်ပေးနိုင်ခဲ့ပါတယ်။

ပွဲချိန် 54မိနစ်မှာဘဲ Tobin Heath က တစ်ဂိုး 74မိနစ်မှာ Kirsty Hansonက တစ်ဂိုး စသည့်ခြေပဂိုးများဖြင့် သရေရလဒ်နှင့် ပြီးဆုံးသွားခဲ့ပါတယ် ဒီနေ့ပွဲမှာ ထူးခြားချက်အနေနဲ့ Kirsty Hansonရယ့် ပွဲငါဆယ်ပြည့်မှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

Unicode




TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER