Sports

ပရီးမီးယားလိဒ် နောက်ဆုံးရသတင်း

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အောက်တိုဘာလအတွက် အကောင်းဆုံးသွင်းဂိုးအဖြစ် ဝက်စ်ဟမ်းကွင်းလယ်လူ လန်ဇီနီရဲ့ သွင်းဂိုးက ရွေးချယ်ခံခဲ့ရပါတယ်။ ဒီဂိုးဟာ တစ်လတာသွင်းဂိုးဆုအတွက် တကယ်ကို ထိုက်တန်ခဲ့ပြီး ဝက်စ်ဟမ်းအသင်းအတွက်လည်း အဖိုးတန်သွင်းဂိုးဖြစ်ခဲ့တာပါ။ အဆိုပါ ပွဲစဉ်မှာ စပါးအသင်းဟာ ပွဲအစ ၁၆ မိနစ်မှာပဲ သုံးဂိုးပြတ်ဦးဆောင်ထားနိုင်ခဲ့ပြီးမှဝက်စ်ဟမ်းအသင်းက သုံးဂိုးအထိ ပြန်လည်ချေပခဲ့ကာ သရေကျခဲ့တာဖြစ်ပါတယ်။ အကောင်းဆုံးသွင်းဂိုးပိုင်ရှင်ဖြစ်ခဲ့တဲ့ လန်ဇီနီကတော့ ဒီပွဲမှာ ပွဲထွက်ခွင့်မရခဲ့ဘဲ ၇၇ မိနစ်အရောက်မှသာ လူစားဝင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ လန်ဇီနီ ဝင်ရောက်လာချိန်မှာ ပွဲရလဒ်ကတော့ ၃-၁ သာဖြစ်နေခဲ့ပြီး ၈၂ မိနစ်အရောက်မှာတော့ ၃-၂ ဖြစ်လာခဲ့ပါတယ်။ နောက်ဆုံးမိနစ်တွေဟာ ဒီပွဲရဲ့ ဇာတ်ချိန်အမြင့်ဆုံးဖြစ်ခဲ့ပြီး ပွဲကစားချိန် ၉၀+၄ မိနစ်မှပြစ်ဒဏ်ဘောကတစ်ဆင့် လျှံထွက်လာတဲ့ဘောလုံးကို လန်ဇီနီက ဂိုးဧရိယာအပြင်ဘက်ကနေ အဝေးကန်ချက်နဲ့ လှလှပပကန်သွင်းယူခဲ့ပြီး အဖိုးတန်ချေပဂိုးရယူပေးသွားခဲ့တာဖြစ်ပါတယ်။

စပါးအသင်းကတော့ အင်တာမီလန်အသင်းမှာ ရုန်းကန်နေရတဲ့ ကွင်းလယ်ကစားသမား အဲရစ်ဆင်ကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေရှိနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ အင်တာမီလန်အသင်းထံကိုပြောင်းသွားခဲ့တဲ့ အဲရစ်ဆင်ကို ယခုလာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်နေခဲ့တာဖြစ်ပါတယ်။ အင်တာမီလန်အသင်းဟာ စာချုပ်သက်တမ်း ၆ လသာ ကျန်တော့တဲ့ အဲရစ်ဆင်ကို ပေါင် ၁၇ သန်းဝန်းကျင်ပေးကာ ခေါ်ယူခဲ့တာဖြစ်ပြီး လုပ်ခလစာအနေနဲ့လည်း တစ်ပတ်အတွက် ပေါင် ၂၀၀၀၀၀ ပေးချေနေရတာပါ။အင်တာမီလန်အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတာဖြစ်ပြီး ယခုနှစ်ဘောလုံးရာသီမှာ ၇ ပွဲ ဝင်ရောက်ကစားထားရပေမယ့် သွင်းဂိုးမရနိုင်သေးသလို ဖန်တီးမှုလည်း မပြုလုပ်ထားနိုင်သေးပါဘူး။ ဒီလိုအခြေအနေကြောင့် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ အတ္တလန္တာနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာတော့ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။ အဲရစ်ဆင်ဟာ ၂၀၁၃ ခုနှစ်မှာ အေဂျက်စ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ကစားသမားဖြစ်ပြီးထိုစဉ်က စပါးနည်းပြဖြစ်တဲ့ အင်ဒရီ ဗီလာ ဘိုအာ့စ်က ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ စပါးအသင်းအတွက်တော့ ကောင်းမွန်တဲ့ခေါ်ယူမှုတစ်ခုဖြစ်ခဲ့ပြီး ၆ ရာသီခွဲကာလအတွင်းမှာ ပြိုင်ပွဲစုံ ၃၀၅ ပွဲအထိပါဝင်ကစားခဲ့ပြီး ၆၉ ဂိုးသွင်းပေးနိုင်ခဲ့သူဖြစ်ပါတယ်။ စပါးအသင်းဟာ ကစားသမားဟောင်း ဂါရတ်ဘေးလ်ကိုလည်း ပြန်ခေါ်ထားတာဖြစ်လို့ အဲရစ်ဆင်ကို ပြန်ခေါ်မယ့်သတင်းဟာလည်း အကောင်အထည်ပေါ်လာနိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။

၂၀၁၁-၁၂ ဘောလုံးရာသီက စတင်တွက်ချက်မှုအရ ပရီးမီးယားလိဂ်အသင်းတွေထဲမှာ ငွေကြေးသုံးစွဲမှု အများဆုံးအသင်းအဖြစ် မန်စီးတီးအသင်းက ရပ်တည်နေခဲ့ပါတယ်။ မန်စီးတီးအသင်းရဲ့ နောက်မှာတော့ မြို့ခံပြိုင်ဘက်မန်ယူအသင်းက ရပ်တည်နေခဲ့တာပါ။ သူတို့နောက်မှာတော့ ချဲလ်ဆီး၊ အာဆင်နယ်နဲ့ လီဗာပူးလ်တို့က အသီးသီးရပ်တည်နေခဲ့ကြပါတယ်။

ငွေကြေးသုံးစွဲမှုအများဆုံးဖြစ်ခဲ့တဲ့ မန်စီးတီးကတော့ အဆိုပါနှစ်ကာလတွေအတွင်းမှာ ပရီးမီးယားလိဂ်ဖလားကို ၄ ကြိမ်ရယူနိုင်ခဲ့ပြီး၊ မန်ချက်စတာယူနိုက်တက်အသင်းက ၁ ကြိမ်၊ ချဲလ်ဆီးအသင်းက ၂ ကြိမ်၊ လီဗာပူးလ်အသင်းက ၁ ကြိမ် ရယူနိုင်ခဲ့ကြပြီး အာဆင်နယ်ကတော့ အမှတ်ပေးချန်ပီယံဖြစ်ခဲ့ခြင်းမရှိတာကို မြင်တွေ့ခဲ့ရပါတယ်။

Unicode




 



PHOTOS CREDIT TO OWNERS
SPORTS GABER