Sports

ပေါလ်စခိုး​ မွေးနေ့အမှတ်တရများ

ပေါလ်စခိုး လို့ပြောလိုက်တာနဲ့ လူတိုင်းသိကြမှာပါ ယူနိုက်တက်ဖန်ကော ဘောလုံးပရိတ်သတ်တော်တော်များများသိကြပါတယ်။ ယူနိုက်တက်ပရိတ်သတ်‌ တေရယ့် အချစ်တော် ပေါစခိုးကတော့ အခုချိန်မှာ အသက်46နှစ် ပြည့်ခဲ့ပြီဘဲဖြစ်ပါတယ်။

တချိန်က ယူနိုက်တက် ကွင်းလယ်မှာ အရပ်ပုပု ၊ ခပ်မာမာ ခပ်ကြမ်းကြမ်း ကစားတတ်ပြီး သူ့ရဲ့ပေးပို့မှု တွေ နဲ့ ပြင်းထန်အားပါလှတဲ့ အဝေးကန်ချက် တွေက ပရိသတ် အယောက်စီတိုင်းရဲ့ အသည်းစိုင် ကို ဆွဲကိုင်လှုပ်ခတ်ဖူးတဲ့သူ။နည်းပြကြီး ဖာဂူဆန် ရဲ့ယုံကြည်ရဆုံး အားအထားရဆုံး ဆိုတာ အနားယူပြီး တကျော့ပြန် အသင်းကို လာကစားပေးတာ ကြည့်ရင် သိနိုင်ပါတယ်။သူ ဘယ်လောက်ကောင်းလဲ ဆိုတာတော့ အများကြီး မပြောချင်ဝူး။ကြည့်ဖူးတဲ့ ဘောလုံးဝါသနာရှင်တိုင်း ၊ ပေါလ်စခိုး တို့ရွှေရောင်ခေတ် ကို မှီတဲ့သူတိုင်း သိမှာပါ။ဘာစီလိုနာ အသင်းရဲ့လာမာစီယာ မှာတောင် ဖရန့်ရီကတ် လက်ထက်က ပေါလ်စခိုး ရဲ့Skill Video Clip ကို သူ့ကစားသမား တွေကို Training မဆင်းစေဘဲ ပြသခဲ့ဖူးတယ်။


ပေါစခိုးဟာ ယူနိုက်တက်နဲ့ကော ကစားသမားဘ၀တစ်လျှောက်ကော ဆုဖလားများစွာ ရယူထားသူဖြစ်ပါတယ်။ ပရီးမီးယားလိဒ် 11ကြိမ် ချန်ပီရံလိဒ် 2ကြိမ် FA cup 3ကြိမ် league cup 2ကြိမ် ကွန်မြူနတီ ဒိုင်း 5ကြိမ် International cup တစ်ကြိမ် နှင့် CWC တစ်ကြိမ် ရယူထားသူလည်းဖြစ်ပါတယ်။

Unicode




TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER