Sports

ယူနိုက်တတ် ​သတင်းတိုများ

မန်ချက်စတာယူနိုက်တက် ကွင်းလယ် ပြင်သစ် ကြယ်ပွင့် ပေါ့ဂ်ဘာ က နည်း​ပြဆိုးလ်ရှား လက်အောက်တွင် ရုန်းကန်ခဲ့ရပြီးနောက် ယခုရာသီက သူ့အတွက်အခက်ခဲဆုံးဖြစ်သည်ဟု ပေါလ်ဘာ ဝန်ခံခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ စပို့တင်းဘရာဂါ အသင်းရဲ့ နောက်ခံ ကြယ်ပွင့်ကစားသမား ဒေးဗစ်ကာမိုကိုစိတ်ဝင်စားနေပါတယ်။

ဂရင်းဝုဒ် နဲ့ ပတ်လို့ ဆိုးလ်ရှားကတော့ မန်ချက်စတာယူနိုက်တက်၏တာ၀န်ရှိသူများနဲ့ ဂရင်းဗင်အတွက် ဆိုးလ်ရှားအနေနဲ့ အဓိကကျသောအစည်းအဝေးလုပ်ခဲ့ပြီ ဆယ်ကျော်သက် ကစားသမားများကိုလမ်းကြောင်းမှန်ပေါ်ပြန်ရောက်စေရန်နည်းဗျူဟာတစ်ခုကိုတီထွင်ပြီ သတင်းစာရှင်းလင်းပဲဲ ပြုလုပ်ခဲ့ပါတယ်။

ယူနိုက်တတ်ရဲ့ ကွင်းလယ်ကစားသမားဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်က နည်းပြမိုက်ကယ်ကာရစ်ကိုလေ့ကျင့်ရေးတွင်စောင့်ကြည့်နေပြီးနောက် မန်ချက်စတာယူနိုက်တက်အတွက်ကစားနိုင်သေးသည်ဟုပြောကြားခဲ့ပြီ ဖရက်ဒ်အနေနဲ့ ကာရစ်ပုံစံနဲ့ကစားဟန်ကို အတုယူသင့်ကြောင်းပြောကြားခဲ့ပါတယ်။

ယူနိုက်တက်အသင်းသည် အက်စ်တွန်ဗီလာအသင်းအတွက် ခြေစွမ်းကောင်းတွေ ပြသနေတဲ့ အင်္ဂလန်ကြယ်ပွင့် ကွင်းလယ် ကစားသမား ဂရေးလစ် ကို လာမဲ့ဆောင်းရာသီဈေးကွက်မှာ ခေါ်ယူဖို့ ကြိုးပမ်းသွားမယ်လို့ Manchester Evening News က ဖော်ပြထားပါတယ်။

ဒါပေမဲ့လည်း ပေါလ်ပေါ့ဂ်ဘာကို လက်လွှတ်ရနိုင်တဲ့ အခြေအနေကို ရောက်လာမှသာ အပြောင်းအရွှေ့ကို အကောင်အထည်ဖော်မှာဖြစ်ကြောင်းလည်း သိရပါတယ်။

PHOTOS CREDIT TO OWNERS
SPORTS GABER