ယူနိုက်တက်နှင့်အတူနှုတ်ဆက်ချိန်တန်ပြီလား ဆက်ရှိမှာလား မေးခွန်းများစွာနဲ့ ကစားသမားများ

ယူနိုက်တက်အနေနဲ့ အပြောင်းအရွေ့ရာသီဖြစ်တဲ့ ဇန်နဝါရီလမှာတော့ ကစားသမားတချို့ကို အသင်းကနေ ထွက်ခွာခွင့်ပြုတော့မှာဖြစ်ပါတယ်။ အသင်း ရဲ့ ၃၁ ယောက် ကစားသမား စာရင်းထဲ မဝင်တဲ့ ကစားသမားတစ်ချို့ကို ယူနိုက်တက်အသင်း အနေနဲ့ နှုတ်ဆက်ရတော့မှာဘဲ ဖြစ်ပါတယ်။

သူတို့တွေကတော့ အသက် ၃၀ နှစ်အရွယ် ရိုဟို ၊ အသက် ၃၃ အရွယ် ရိုမဲရိုး ၊ အသက် ၂၈ နှစ်အရွယ် ဖိုဆူမန်ဆက် နှင့် ဖီးဂျုံး တို့ ဖြစ်ပါတယ်လို့ သိရပါတယ်။

လာမယ့် ဇန်နဝါရီလမှာ အသင်းကို အငှား လာရောက်ကစားနေတဲ့ နိုက်ဂျီးရီးယားသားကြီး အီဂါလိုကတော့ အရင်တုံးက သုံးသပ်ခဲ့တဲ့အတိုင်း ကာဗာနီ ရောက်ရှိလာတာနှင့် အတူ နှုတ်ဆက်ရတော့မှာဘဲဖြစ်ပါတယ်။

ရိုဟိုက‌တော့ ပြီးခဲ့တဲ့နို၀င်ဘာ ကတည်းက ကစားခွင့်မရရှိခဲ့တာပါ။ သူအနေနဲ့ အာဂျင်တီးနားကလပ်ဖြစ်တဲ့ သူရယ့် အသင်းဟောင်းကို အငှားပြောင်းရွေ့သွားခဲ့ပါသေးတယ်။ ဖိုဆူမန်ဆာ အသက် ၂၂ အရွယ် ကစားသမားကတော့ ယူနိုက်တတ် နှင့်အတူ ပြီးခဲ့တဲ့ နွေရာသီကစာချုပ်သက်တမ်းကုန်ဆုံးခဲ့ပေမယ့်လည်း ယူနိုက်တက်ဘက်က တစ်နှစ်သက်တမ်း ထပ်မံတိုးမြှင့်ခဲ့တာကြောင့် အခုချိန်ထိ အသင်းမှာ ဆက်ရှိနေတာပါ။

ကစားသမားကတော့ သူ့ရဲ့ အနာဂါတ်နဲ့ပတ်သတ်ပြီး ပွဲထွက်ခွင့်ပိုမို ရရှိနိုင်မယ့် အသင်းကို ပြောင်းရွေ့ဖို့အတွက် အသင်းကနေ ထွက်ခွာဖို့ အခုလို တောင်းဆိုသွားဖွယ် ရှိနေတာပါ။

ထို့အပြင် ချန်ပီယံလိဂ် လူစာရင်းထဲတွင်လည်း မပါဝင်တဲ့အပြင် ပရီးမီးယားလိဂ် လူစာရင်းမှာလည်း မပါဝင်ခဲ့တဲ့ ရိုမဲရိုးကတော့ ကျိန်းသေပေါက် ထွက်ခွာဖို့ရှိပါတယ်။ ထို့အတူဘဲ ဖီးဂျုံးအနေနဲ့ လည်း ပွဲထွက်ခွင့်မရတာနဲ့အတူ ပြောင်းရွေ့နိုင်ဖွယ်ရှိနေပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode







TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER