Sports

ဆန်ချို ဂရေးလစ် အတွဲ ကို အရခေါ်ယူဖို့ တိုက်တွန်း

ဆန်ချို ဂရေးလစ် အတွဲ ကို ယူနိုက်တက် က အပြင်းအထန် ချိတ်ဆက်နေခဲ့တာကြာပြီဖြစ်ပါတယ် ယူနိုက်တက် ဂန္တဝင် ကစားသမား လက်ရှိ ဝေးလ် အသင်းနည်းပြ ဖြစ်သူ Ryan Giggs က သူ့အမြင်ကို အခု လိုပြောပါတယ်

ကစားသမားကောင်း ၂ယောက်ပါ

ကျွန်တော့် အထင် ဂရေးလစ်ကတော့ ပရီးမီးယားလိဂ် နဲ့ အသားကျပြီးသားလဲဖြစ်တယ် အဲ့တော့ သူ့ကို ယူနိုက်တက်သာရောက်ရင် အသားကျဖို့ အချိန်ပေးနေရမှာ မဟုတ်ပါဘူး အဲ့တာက ကောင်းတဲ့ အချက်ဖြစ်ပါတယ်

ကျွန်တော့ အတွက်တော့ သူ့အနေနဲ့ ယူနိုက်တက် ကို ပြောင်းချင်လိမ့်မယ် ထင်တယ် နောက်ထပ်ကောင်းတဲ့ အချက်က ဗီလာအသင်းအတွက် ဂရေးလစ် အနေကတော့ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်း နှစ်မျိုးလုံးမှာ အားပါပါနဲ့ ထိုးဖောက်ကစားတတ်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ဖန်တီးမှုပိုင်း ကောင်းမွန်ကာ ဂိုးသွင်းလည်း အပိုင်သေချာလှပါတယ် ဂရေးလစ်ကတော့ ဗီလာ အသင်းအတွက် ( 7 ) ပွဲကစားပြီးချိန်မှာ သွင်းဂိုး ( 4 ) ဂိုးနဲ့ ဂိုးဖန်တီးမှု ( 5 ) ကြိမ်အထိပြုလုပ်ပေးထားနိုင်တာ အားစရာကောင်းတဲ့အချက်ပါပဲ

မေးစရာတစ်ခု ရှိတာက သူ့အနေ နဲ့ ယူနိုက်တက်မှာ ဂိုးတွေ လုံလုံလောက်လောက် သွင်းနိုင်ပါ့မလား!

“Sancho ကတော့ လျင်မြန်ပြီး တိုက်ရိုက်ကစားတာပါ ပြီးတော့ အကွက်မြင် တတ်တယ်

ကျွန်တော် သူ့ကို ဘာကြိုက်လဲ ဆိုတော့ သူက ဂိုး ဧရိယာနား မှာ ဘောလုံးရရင် ကြောက်လန့်မနေတတ်ဘူး ကျွန်တော်ပြောချင်တာက လျင်မြန်တဲ့ ကစား သမား အများစု က ဧရိယာ နားမှာ ဘောလုံးရရင် လန့်ပျာတွေ ဖြစ်ပြီး တလွဲတေ ပေးတာ ဆန်ချို ကတော့ အေးအေး ဆေးဆေး နဲ့ နေရာလွတ် ကို အရောက် ထိုးပေးနိင်တယ်။

ပြီးတော့ သူက ကောင်တာ ကစားတာ အရမ်းကောင်းတယ် တဖက် အသင်းက ခံစစ်ပိတ်နေရင်တောင် သူက ပြိုင်ဘက် နောက်တန်းတွေကို ဖရို ဖရဲဖြစ်အောင် လုပ်နိုင်တဲ့ကောင်ပေါ့

ကျွန်တော့် အနေနဲ့ကတော့ ဒီနှစ်ယောက်လုံး ကို အခွင့်အရေးရတုန်း အရခေါ်ဖို့ တိုက်တွန်းချင်တယ်

PHOTOS CREDIT TO OWNERS
SPORTS GABER