Sports

စနေနေ့မှာ နည်းပြဘဝ ပထမဦးဆုံး ပွဲစဥ် စတင် ကိုင်တွယ်မည်

ကျွန်တော်က လာမယ့် စနေနေ့မှာ ကစားရမယ့် ဘရစ္စတိုးလ် စီးတီးနဲ့ ပွဲစဉ်အတွက် အသင်းရဲ့ နည်းပြအဖွဲ့ဝင် တစ်ဦး အဖြစ် တာဝန် ထမ်းဆောင်ဖို့ ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။

ကျွန်တော်နဲ့ နည်းပြအဖွဲ့ဝင်တွေဟာ အသင်းရဲ့ ကစားသမားတွေနဲ့ တွေ့ဆုံပြီး စကား ပြောဆိုသွားမှာပါ။


ရွန်းနီသည် ဒါဘီအသင်းဆီ ရောက်ရှိစဉ် ကတည်းက ကစားသမား နည်းပြအဖွဲ့ဝင် ရာထူးနဲ့ ရှိနေသူ ဖြစ်ပြီး လက်ရှိမှာတော့ နည်းပြထိုင်ခုံပေါ်ကို တရားဝင် ရောက်သွားခဲ့တာ တွေ့ရဘာတယ်  အင်္ဂလန် သတင်းဌာနတွေရဲ့ အဆိုအရ ရွန်းနီသည် လာမယ့် စနေနေ့မှာ ကစားမယ့် ဘရစ္စတိုးလ် စီးတီးနဲ့ ကစားမယ့် ပွဲစဉ်မှာ သူ့ရဲ့ နည်းပြဘဝ ပထမဦးဆုံး ပွဲစဉ်ကို စတင် ကိုင်တွယ်တော့မှာပါ။

အင်္ဂလန် လက်ရွေးစင် အသင်းနဲ့ ယူနိုက်တက် အသင်းတို့ရဲ့ အချစ်တော် ကစားသမား ရွန်းနီ ကတော့ လက်ရှိမှာ နည်းပြလောကထဲကို ခြေတစ်လှမ်း စတင် လှမ်းနိုင်ခဲ့ပြီ လို့ သိရပါတယ်။

အသက် 35 နှစ် အရွယ် အင်္ဂလန် ဂန္တဝင် တိုက်စစ် ကစားသမား ရွန်းနီသည် လက်ရှိမှာ ချန်ပီယံရှစ် ကလပ် ဒါဘီအသင်းမှာ ကစားနေသူ ဖြစ်ပြီး ဒါဘီအသင်းသည် ရလဒ်ဆိုးတွေ ကြုံတွေ့ခဲ့ရတာကြောင့် အသင်းရဲ့ နည်းပြဖြစ်သူ ကွတ်ချူးကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး ရွန်းနီကို အသင်းရဲ့ ယာယီနည်းပြ အဖြစ် ခန့်အပ်ခဲ့ကြောင်း သိရဘာတယ် ။

PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode






PHOTOS CREDIT TO OWNERS
SPORTS GABER