Sports

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်ကစားသမားများ

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်ကစားသမား အဖြစ် ရပ်တည်လျက် ရှိနေတဲ့ကစားသမား လေးယောက်အကြောင်း ပြော ပြသွားပါဖြစ်ပါတယ် ဘောလုံးပွဲ တစ်ပွဲမှာ အနိုင်အရှုံး ရလဒ် အပြောင်းအလဲ ပေးနိုင်တဲ့ ကွင်းလယ် ဖန်တီးမှုက အသက်ဝင်လှပါတယ် ဖန်တီးမှုကောင်းကောင်းနဲ့ တိုက်စစ်ပိုင်းကို ပံပိုးပေးနိုင်တဲ့ ပရီးမီးယားလိဒ်ရဲ့အကောင်းဆုံး ကွင်းလယ်ကစားသမား လေးယောက်ရှိပါတယ်။

မန်ချက်စတာယူနိုက်တတ်မှ ကွင်းလယ် ကစားသမာဖြစ်တဲ့ ဖာနန်ဒက်၊ မန်စီးတီးအသင်းမှ ဒီဘရူနီ၊ အဲဗာတန် အသင်းမှ ရိုဒရီဂွတ်၊ ဗီလာအသင်းမှ ဂရေးလစ် တို့ ပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တတ်အသင်းမှ ဖာနန်ဒက်က တော့ လက်ရှိအချိန်မှာ ဖန်တီးမှု အများဆုံး နဲ့ စွမ်းဆောင်ထားပါတယ် ပရီးမီးယားလိဂ် ရဲ့ ဘယ်သူမှ မရဖူးတဲ့ ဂိုးပါဝင် ပတ်သက်မှုလည်း ရရှိထားပါသေးတယ် ဒီရာသီမှာ ယူနိုက်တက်အတွက်ပရီးမီးယားလိဂ် ( 7 ) ပွဲမှာ သွင်းဂိုး ( 5 ) ဂိုးနဲ့ ဂိုးဖန်တီးမှု ( 3 ) ကြိမ်အထိပြုလုပ်ပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီအသင်းမှ ကွင်းလယ် ကစားမား တစ်ယောက်ဖြစ်တဲ့ ဒီဘရူနီကတော့ အသင်းရောက်ရှိစဥ်က ယခုအချိန်ထိ ပရီးမီးယား လိဒ် ကွင်းလယ် အကောင်းဆုံး စရင်းမှာပါဝင်နေတာဖြစ်ပါတယ်။

အဲဗာတန်အသင်းမှ ကွင်းလယ် ရိုဒရီဂွတ် ကတော့ ရီးရဲလ်အသင်းထံမှ ရောက်ရှိလာပြီး ပုံမှန် ပွဲထွက်အခွင့်ရနဲ့ ခြေစွမ်းတွေ ပြသထားပါတယ် အဲဗာတန်အတွက်ပရီးမီးယားလိဂ် ( 7 ) ပွဲကစားပြီးချိန်မှာ သွင်းဂိုး ( 3 ) ဂိုးနဲ့ ဂိုးဖန်တီးမှု ( 3 ) ကြိမ်အထိပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။

ဗီလာအသင်းက ကွင်းလယ်ကစားသမား ဂရေးလစ် အနေကတော့ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်း နှစ်မျိုးလုံးမှာ အားပါပါနဲ့ ထိုးဖောက်ကစားတတ်တဲ့
ကစားသမားတစ်ယောက်ဖြစ်ပြီး ဖန်တီးမှုပိုင်း ကောင်းမွန်ကာ ဂိုးသွင်းလည်း အပိုင်သေချာလှပါတယ် ဂရေးလစ်ကတော့ ဗီလာ အသင်းအတွက်
( 7 ) ပွဲကစားပြီးချိန်မှာ သွင်းဂိုး ( 4 ) ဂိုးနဲ့ ဂိုးဖန်တီးမှု ( 5 ) ကြိမ်အထိပြုလုပ်ပေးထားနိုင်ခဲ့တဲ့ သူလည်းပဲဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS
SPORTS GABER