Sports

​ဝက်စ်ဘရွန်းနဲ့ ပွဲစဉ်မှာ လွဲချော်ဖို့ရှိတဲ့ ယူနိုက်တတ် ကစားသမားများ

မန်ချက်စတာယူနိုက်တတ်အသင်း လာမယ့်စနေနေ့ မှာ ကစားရမယ့် ​ဝက်စ်ဘရွန်းနဲ့ ပွဲစဉ်မှာ နည်းပြဆိုးလ်ရှားအနေနဲ့ အသင်းသားတွေ ဒဏ်ရာပြသနာတွေရှိနေလို့ ပွဲထွက်လူစာရင်းထဲမှာမပါဝင်ဖို့ များတဲ့ ကစားသမားတွေ ပြောပြသွားမှာဖြစ်ပါတယ် ပုံမှန်ပွဲထွက်ခွင့်ရရှိထားတဲ့ တိုက်စစ်မှူး နှစ်ဦးဖြစ်တဲ့ မာရှယ် နဲ့ ရက်ရှ်ဖို့ဒ် လက်ရှိ အချိန်မှာတော့ ဒဏ်ရာပြသနာတွေ ရှိနေလို့ မပါဝင်ဖို့ သေချာသလောက်ရှိနေပါတယ်။

ရက်ရှ်ဖို့ဒ်အနေနဲ့ အဲဗာတန်နဲ့ ကစားခဲ့တဲ့ ပွဲစဥ်မှာ ဒဏ်ရာရရှိခဲ့ပြီး အင်္ဂလန် လူစာရင်းကလည်း နှုတ်ထွက်ခဲ့ရပါတယ် မာရှယ်ကတော့ ဆွီဒင်နဲ့ ပွဲမှာ အရန်စာရင်းကနေ ပဲ ပါဝင်လာခဲ့ပါတယ်။

သူ့အနေနဲ့ ဒဏ်ရာ​ပြသနာ ရင်ဆိုင်နေရတဲ့အခြေအနေမလို့ ပွဲထွက်ခွင့် မရရှိတာ ဖြစ်ပါတယ်။

ကွင်းလယ် ကစားသမားဖြစ်တဲ့ ဂရင်းဝုဒ် အနေနဲ့လည်း ဝက်ဘရွန်းနဲ့ ပွဲစဥ်မှာ မပါဝင်ဖို့ ရှိပါတယ်
ဒဏ်ရာပြသနာတွေ သတင်းဌာနတွေ ရဲ့ ဖိအားပေး စကားလုံးတွေကို ဂရင်းဝုဒ် တစ်ယောက် ရင်ဆိုင်နေရတဲ့ အချိန်ကာလ တစ်ခု ဖြစ်နေပါတယ် ။

နောက်ခံကစားသမားတယောက် တဲလက်စ်
ကတော့ ဝက်ဘရွန်းနဲ့ ပွဲစဥ်မှာ ပါဝင်ဖို့ အသင့်အနေအထားမှာ ရှိနေပါတယ်။

ဘယ်နောက်ခံလူ တဲလက်စ်အတွက် ကိုဗစ်စစ်ဆေးမှု နောက်ဆုံးရလဒ်မှာ နက်ဂတစ် တစ်ဖန်ပြန်လည်ရရှိခဲ့တာကြောင့် ဝက်ဘရွန်းနဲ့ ပွဲစဥ်မှာ ပွဲထွက်လာမှာဖြစ်ပါတယ် အဲဗာတန်နှင့်ပွဲမှာ တံကောက်ကြောဒဏ်ရာရသွားသော ဘယ်နောက်ခံလူလုခ်ရှောမှာ စကန်ဖတ်စစ်ဆေးမှုအပြီးတွင် ၄ ပတ် မှ ၆ ပတ်အထိအနားယူရဖွယ်ရှိနေတဲ့အချိန်မှာ တဲလက်စ် နဲ့ အစားထိုးဖို့ အသင့်ရှိနေခဲ့တာပါ။

PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode







PHOTOS CREDIT TO OWNERS
SPORTS GABER