Sports

ပေါ့ဘာနေရာမှာ ကာမာဗင်ဂါကို သာ အစားထိုးမလား

ယူနိုက်တက်အသင်း ကွင်းလယ် ကစားသမား
ပေါ့ ဘာ ကို လက်လွှတ်ပြီ ​ပြင်သစ်လက်ရွေးစင်ကစား သမားဖြစ်တဲ့ လူငယ်ကစားသမား နိုဝင်ဘာလ ၁၁ရက်နေ့ကမှ အသက် ၁၈နှစ်ပြည့်ခဲ့တဲ့ ပြင်သစ်ကွင်းလယ် ကြယ်ပွင့် Eduardo Camavinga ကိုခေါ်ယူဖို့ စီစဥ်ထားတယ်လို့ သတင်းထွက်လာပါတယ်။

ပေါ့ဘာရဲ့အနာဂတ်က ရေရာမှုမရှိသေးတာကြောင့် ယူနိုက်တက်ဟာ ယင်းကွင်းလယ်ကစားသမားနေရာကို အစားထိုးဖို့ စောင့်ကြည့်နေတယ်လို့ AS ရဲ့အဆိုအရ သိရပါတယ်။

မန်ချက်စတာယူနိုက်တက် ကွင်းလယ် ​ကစားသမာ ပေါ့ဘာ က တော့ နည်း​ပြဆိုးလ်ရှားလက် အောက်တွင် ရုန်းကန်ခဲ့ရပြီးနောက် ယခုရာသီက သူ့အတွက်အခက်ခဲဆုံးဖြစ်သည်ဟုပေါလ်ဘာ ဝန်ခံခဲ့ပါသေးတယ်။

ပေါ့ဘာအနာဂါတ် ဂျုဗင်တပ်နဲ့ ရီရဲ အသင်းထံ ပြောင်းရွှေ့ဖို့ ထွက်ပေါ်နေပါတယ် ဂျုဗင်တပ်ကွင်းလယ် ကစားသမား မာချီဆိုသည် ယူနိုက်တက် အသင်းမှ ပြင်သစ် ကြယ်ပွင့် ကွင်းလယ် ကစားသမား ပေါ့ဘာအနေနဲ့ ဂျုဗင်တပ်ကိုပြန်သွားသင့်တယ်လို့တိုက်တွန်းပြောကြားသွားခဲ့ပါတယ်။

Rennes အသင်းက Camavingaတစ်ယောက်တော့ ပြင်သစ်လက် ရွေးစင် သမိုင်းတလျှောက်မှာ အငယ်ဆုံး ကစား သမား တစ်ယောက်ဖြစ်သလို့ ပြင်သစ်ရယ့် တောင်ပလာသော မျိုးဆက်သစ် တစ်ယောက်ဖြစ်ပါတယ်။

ပြင်သစ်နဲ့ ပထမဆုံး စတင်ခဲ့တဲ့ ပွဲစဥ်မှာပဲ ဂိုးသွင်းယူခဲ့ပါသေးတယ် ယူနိုက်တက်တို့အနေနဲ့ Camavinga ကိုခေါ်ယူဖို့ ပီအက်စ်ဂျီ၊ ဂျူဗင်တပ်တို့နဲ့ အားပြိုင်သွားရဖွယ် ရှိနေပါတယ်

PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode







PHOTOS CREDIT TO OWNERS
SPORTS GABER