Sports

ကာဗာနီရယ့် လုပ်ရပ်ဟာ ပုံမှန်အခြေအနေတစ်ခုပါလို့ ပြောခဲ့တဲ့ ရစ်ချာလီဆန်

ပြီးခဲ့တဲ့ ဥရုဂွေးနဲ့ ဘရာဇီးအသင်း တို့ရယ့် ပွဲစဉ် ယူနိုက်တက်အသင်းတိုက်စစ်မှုး ကာဗာနီဟာ အနီကဒ်ပြခံခဲ့ရပါတယ်။ ထို့ကြောင့် ဥရုဂွေးအသင်းဟာ တစ်ယောက်လျော့အနေအထားနဲ့ ဘရာဇီးအသင်းကို 2ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ပွဲချိန် 71မိနစ်မှာ ဘရာဇီးအသင်းကစားသမား ရစ်ချာလီဆန်အား ကာဗာနီက ကစားပုံ ကြမ်းတမ်းခဲ့ပါတယ်။

ထိုဖျက်ထုတ်မှုကြောင့်လည်း ကာဗာနီကို ကွင်းလယ်ဒိုင်က အဝါကဒ်ပြသခဲ့ပါတယ်။ သို့သော် VARပြန်ကြည့်ပြီး ရစ်ချာလီဆန် အား မလိုအပ်ဘဲ ကြမ်းတမ်းခဲ့တာကြောင့် ကာဗာနီ ကို အနီကဒ်ပြ ထုတ်ပယ်ခဲပါတယ်။

ရစ်ချာလီဆန်ကတော့ ယခုဖြစ်ရပ်အပေါ်
” ကာဗာနီက ကျွန်တော့်ကို အဲ့လို မျိုးတော့ရည်ရွယ်ခဲ့မယ်လို့ ကျွန်တော်မထင်ပါဘူး၊ သူက ဘောလုံးကိုရဖို့ပဲ ရည်ရွယ်ခဲ့တာလို့ ထင်ပါတယ်၊ ဒါပေမဲ့ သူလွဲသွားတယ်၊ ကျွန်တော့်ခြေထောက်ကိုထိသွားခဲ့ပါတယ်၊ ဒါကဘောလုံးပွဲတွေမှာဖြစ်လေ့ရှိတဲ့ ပုံမှန်အခြေအနေတစ်ခုပါပဲ ” လို့ပြောကြားသွားခဲ့ပါတယ်။

ကာဗာနီအနေနဲ့ အခုလိုမျိုးအထုက်ခံခဲ့ရတာဟာ လာမယ့် စနေနေ့မှာ ၀က်ဘရွန်းနဲ့ ကန်ဖို့ရှိနေတဲ့ ယူနိုက်တက်အတွက်တော့ သတင်းကောင်းတစ်ရပ်ဖြစ်ခဲ့ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode