Sports

ဝက်စ်ဘရွန်းနဲ့ပွဲမှာ ယူနိုက်တက် ဖြစ်နိုင်ခြေအရှိဆုံး လူစာရင်း

ယူနိုက်တက် အသင်းဟာ ပြိုင်ပွဲစုံမှာ ပွဲကြပ်အနေအထားကို ရောက်ရှိနေတာနဲ့အတူ ဝက်စ်ဘရွန်း အသင်း နှင့်ပွဲစဉ်ကို လူချန်ကစားဖွယ်ရှိပြီး အဆိုပါပွဲစဉ်ရဲ့ ဖြစ်နိုင်ဖွယ်လူစာရင်းကို တင်ပြပေးထားပါတယ်။

နိုင်ငံတကာပွဲစဉ်တွေ ကန်ပြီး ပြန်လာမယ့် ဖာနန်ဒက်စ် ၊ ပေါ့ဘာ မာတီရယ် ၊ လင်ဒီလောဖ့် ၊ ရက်ဖိုဒ့် တို့ ဟာ အနားယူဖွယ်ရှိပါတယ်။ တနင်္ဂနွေနေ့ မနက် ပရီးမီးယားလိဂ် ကစားပြီး ၃ ရက်အကြာမှာ Istanbul အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကို အိမ်ကွင်းမှာ ထပ်မံကန်ရမှာဖြစ်ပါတယ်။

ဒါကြောင့် အဓိက ကစားသမားတချို့ အနားပေးထားဖွယ်ရှိပြီး ဝက်စ်ဘရွန်း အသင်းနဲ့ ပွဲစဉ်မှာ ကွင်းလယ် နဲ့ တိုက်စစ် ကို ဗန်ဒီဘိခ် ၊ ကာဗာနီ ၊ ဂရင်းဝုဒ် ၊ ဖရက် ၊‌ တော်မီနေး၊ မာတာ တို့ ပွဲထွက်လာနိုင်ပါတယ်။

နောက်တန်းမှာလည်း ဒဏ်ရာရရှိနေတဲ့ လုခ်ရှောအစား တဲလက်စ်ပါ၀င်ဖို့လည်း ရှိနေပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode





TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER