Sports

ယူနိုက်တက်မှာ ပွဲထွက်ခွင့်နဲ့ ထိုက်တန်ကြောင်း သက်သေပြခဲ့တဲ့ ဒန်နီရယ်ဂျိမ်း

ယူနိုက်တက်ပရိတ်သတ်တေရယ့် အချစ်တော် ဝေးလ်လက်‌ရွေးစင်အသင်းရယ့် ကြယ်ပွင့် ဒန်နီရယ် ဂျိန်းကတော့ လှပတဲ့ ဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဖင်လန်အသင်းနဲ့ ပွဲစဉ်မှာ ကိုက်၂၀ကနေ အလွန်ကောင်းမွန်သေသပ်တဲ့ သွင်းဂိုးကို လှလှပပ သွင်းယူသွားပါတယ်။

ဂျိမ်းသည် ပင်နယ်တီဧရိယာအပြင်ဘက်ကနေ အားပါပြင်းထန်တဲ့ ဂိုးကန်သွင်းချက်ကို ပြုလုပ်ခဲ့တာဖြစ်ပြီး ဖင်လန်ဂိုးသမား ဘယ်လိုမှ မ တတ်နိုင်တဲ့  ဂိုးအပေါ်ထောင့်ထဲကိုတန်းတန်းမတ်မတ် ဝင်သွားခဲ့တာဖြစ်ပါတယ်။

ဝေး အသင်းကြယ်ပွင့် တိုက်စစ် ကစားသမား ဂျိမ်းသည် 2019 ခုနှစ်မှာ အိုးထရက်ဖို့ကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ရောက်ရောက်ချင်း 4 ပွဲမှာ 3 ဂိုးသွင်းယူပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရယူနိုင်ခဲ့သူဖြစ်ပါတယ်။

ဂျိမ်းသည် ကောင်းမွန်တဲ့ ခြေစွမ်းတွေကို ဆက်လက်မပြသနိုင်ဘဲ သိသိသာသာကျဆင်းသွားပ့တယ်။
သူ့နေရာ ကို ယူနိုက်တက်နည်းပြဆိုးရှား‌အနေနဲ့ Greenwood နဲ့ မာတာတို့ကို ပြောင်းလဲခဲ့ပါတယ်။ ထို့နောက်ပိုင်း အရန်စာရင်းမှာဘဲ ဂျိမ်းကို မြင်တွေ့ခဲ့ရပါတယ်။

ထိုလှပတဲ့ သွင်းဂိုးနဲ့အတူ ဂျိမ်းဟာ နိုင်ငံတကာပွဲစဉ်အားလပ်ရက်အပြီး လာမယ့်စနေနေ့ ဝက်စ်ဘရွန်းနဲ့ပွဲမှာ ပြန်လည်ပါဝင်ကစားပေးနိုင်ဖို့အတွက် လုံလောက်တဲ့ပြသမှုမျိုး ပြုလုပ်နိုင်ခဲ့ပြီလို့ မျှော်လင့်ရမှာဖြစ်ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode






TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER