Local News

ယောကျာ်းတစ်ယောက်ကို အောင်မြင်အောင် ပံ့ပိုးပေးနိုင်တဲ့ မိန်းမ “၁၀” မျိုး

(၁) သဘောထားကြီးပြီး လူအကဲခတ်တော်တဲ့ မိန်းမသူမဟာ အင်မတန်မှ ပါးနပ် တတ်ပြီး သင်ရဲ့မျက်တတောင် တခတ်တွင်းမှာ သင်ဘာဖြစ်နေလဲ ဆိုတာကို အကဲခတ်ခန့်မှန်းသိရှိနိုင်ပြီး သင်ပျော်နေချိန်မှာ သင်နဲ့အတူပျော်ရွှင်မှုတွေကို အတူခံစားပေး တတ်ပါတယ် သင်မျက်မှောင် တစ်ချက်ကုတ်လိုက်လို့ ဘယ်လောက်ပဲ သင်ကပျော်ရွှင်ချင်ယောင် ဆောင်ပြဆောင်ပြ သင့်ရဲ့ဒုက္ခတွေ အခက်ခဲတွေကို ဝေမျှပြီး ခံစား နားလည် ဖြေရှင်းပေး တတ်ပါတယ် ။

(၂) ဂုဏ်သတင်းကျော်ဇော မွှေးပျံ့တဲ့ မိန်းမသူမဟာ ဘယ်လောက်ပဲ သင့်ထက် ပညာတွေတတ် နေပါစေ ၊ ဘယ်လောက်ပဲ ရာထူးဂုဏ်ရှိန် တွေရှိနေပါစေ ။ သင့်ကို သင့်ရဲ့ပတ်ဝန်းကျင် အသိုင်းဝိုင်းမှာ သင့်ကိုနေရာပေး လေးလေး စားစား ဆက်ဆံ တတ်ပြီး သူမရဲ့ ဂုဏ်ရှိန်ဝါနဲ့ သင့်ကိုပါ လွှမ်းခြုံ တောက်ပစေပါတယ် ။

(၃) သဘာ၀ အလှလေးနဲ့ အေးချမ်းတဲ့ မိန်းမသူမရဲ့အလှဟာ ပန်းလေး တစ်ပွင့်လို မတောက်ပနေပေမဲ့ အေးချမ်းမှုရှိပါတယ် ။ သင်ကြည့်လိုက်တိုင်း သူမဟာ အေးချမ်းတဲ့အသွင်အတိုင်း အပြုမှုတွေပါ အေးချမ်းငြင်သာနေပါလိမ်မယ်။သင့်ရဲ့လုပ်ငန်းခွင်ထဲမှာ သင့်တွက် အထောက်အပံ့ မပေးနိုင်ပေမဲ့ တခြားမိန်းမတွေလို ပူလောင်ငြူစူမှု အလျဉ်းမရှိပဲ သင့်ကိုအေးချမ်းမှုတွေနဲ့ သာယာစေနိုင်ပါတယ် …။

(၄) ဦးနှောက်ပြေးတဲ့ မိန်းမ သူမဟာ အင်မတန်မှ ထိုးထွင်းဉာဏ်ရှိပြီး သင်အခက်ခဲလေးတစ်ခု ကြုံလာပြီဆိုတာနဲ့ ပြေလည်မဲ့ ဖြေရှင်းနည်းကို တစ်ထိုင်တည်း ထုတ်ပေးနိုင်တဲ့ သူမျိုးပါ ။ စီးပွားရေးလုပ် တဲ့အခါမှာလည်း သင့်ကိုနောက်ကွယ်ကနေ အကောင်းဆုံး အကြံတွေနဲ့ ရှေ့ဆက်လို့ရအောင် ပို့ဆောင်ပေးတဲ့ သူမျိူးပါ …။

(၅) ပေါ့ပေ့ါပါးပါးနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိတဲ့ မိန်းမဒီလို မိန်းမတွေဟာ သင်ဘာပဲလုပ်လုပ် အမြဲတစေ ယုံကြည်ချက်အပြည့်နဲ့ အားပေးတတ်ပါတယ်။ သင်အောင်မြင်သွားခဲ့ရင်လည်း သူ့ကြောင့်ပါလို့ မဏ္ဍပ်တိုင်တပ်ပြမှာမဟုတ်သလို ၊ ရှုံးနိမ့်ခဲ့ရင်လည်း ငြူစူပြောဆိုနေမှာ မဟုတ်ပါဘူး။

အရမ်းစိတ်ညစ်နေတဲ့ အချိန်မှာ သင့်ကို နွေးထွေးစွာ အားပေးပါလိမ့်မယ်။ သူ့ရဲ့သင့်ပေါ် ယုံကြည်ချက်တွေနဲ့ ပြတ်သားမှုတွေကြောင့် သင်ဟာ လဲရာမှချက်ချင်းတောင် ပြန်ထထိုင်နိုင်လောက်အောင် သူမ စွမ်းဆောင်နိုင်ပါလိမ့်မယ် ။

(၆) ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးတဲ့ မိန်းမသူမဟာ အင်မတန်မှ မိမိကိုယ်ကို အမြဲလိုလိုအပြင်ဆင်ပိုင်းမှာရော ဂုဏ်သိက္ခာပိုင်းတွေမှာပါ ခြယ်သပြင်ဆင်နေလေ့ရှိပါတယ်။ သူမဟာ ဘယ်တော့မဆို သူကြောင့် သင်နံမည်ပျက်စေမှာ မဟုတ်သလို အသိုင်းဝိုင်းရှေ့ထွက်တဲ့အခါမှာလည်း သူ့ကြောင့်သင်ဟာ အလိုလိုနေရင်းနဲ့ ဂုဏ်ရှိစေနိုင်မဲ့ မိန်းမမျိုးပါ။ ဘယ်တော့မှ သူ့အလှကြောင့် သင့်ရဲ့ပူပန်မှုတွေကို အနေထိုင်တွေနဲ့ ဖြောက်ဖျတ်ပစ်တတ်ပါတယ်။

(၇) တာဝန်ယူတတ်တဲ့ မိန်းမ သူမဟာ သင့်ရဲ့ဝင်ငွေထွက်ငွေနဲ့ ကိုက်ညီအောင် သုံးစွဲစီစစ်သလို ၊ စုသင့်တာစု သုံးသင့်တာသုံးပြီး သင့်ကိုဘယ်တော့မှ စားဝတ်နေရေးတွက် ပူပန်စေမှာ မဟုတ်ပါဘူး ။ သူမဟာ အလုပ်လုပ်တဲ့နေရာမှာ အင်မတန်မှ တိကျပြီး တာဝန်ယူစိတ် အပြည့်လည်း ရှိတတ်ပါတယ် ။

(၈) စကားပြောဆို ကျွမ်းကျင်တဲ့ မိန်းမ သူမဟာ စကားပြောခြင်း အတတ်ပညာကို တစ်ဖတ်ကမ်းခပ် ကျွမ်းကျင်တတ်ပြီး အပေါင်းသင့်ဆံ့တဲ့သူဖြစ်ပါလိမ့်မယ်။ သူမနဲ့ စကားပြောလိုက်တိုင်း လူတိုင်း စိတ်ချမ်းသာရပြီး ဘယ်လိုလူကို ဘယ်လို အခြေနေမျိုးမှာ ဘာပြောရမလဲ ဆိုတာနဲ့ သူမဟာ လူတွေကို ကောင်းကောင်းစွဲဆောင်နိုင်ပါတယ်။

သူမကြောင့်ပဲ သင်ဟာ ဒိထက်ကျယ်ပြန့်တဲ့ အသိုင်းဝိုင်းတစ်ခုကို သိကျွမ်းခွင့် ရနိုင်တာမျိုးလည်း ဖြစ်တတ်ပါတယ် ။

(၉) ဆုံးဖြတ်ချက် ပြတ်သားတဲ့ မိန်းမသူမဟာ စဉ်းစားဆုံးဖြတ်တဲ့ နေရာမှာ အင်မတန်မှ ပညာသားပါပြီး အရာရာ စိတ်ချရပါတယ် ။ ဘယ်တော့မှ သေးသေးမွှားမွှား ကိစ္စတွေနဲ့ အတော်တန်ကြီးတဲ့ ကိစ္စတွေကို သင့်ဆီမရောက်စေပဲ ဖြေရှင်းတတ်ပါတယ် ။သင့်ရဲ့အလုပ်ကိုင်တွေကို ဘယ်တော့မှမထိခိုက်စေ ပဲ အိမ်မှုကိစ္စတွေပါ သူတစ်ယောက်တည်း ဖြစ်အောင်စီမံတတ်ပြီး သင့်ကိုအလုပ်လုပ်တဲ့နေရာမှာ စိတ်အပြည့်ဝရအောင် လွှတ်ထားပေးတတ်ပါတယ် ။

(၁၀) ခေတ်အမြင်ရှိတဲ့ မိန်းမသူမဟာ အင်မတန်မှ ခေတ်နဲ့လျောညီစွာ နေထိုင်တတ်ပြီး အနေထိုင် တည်ငြိမ်တတ်ပါတယ်။ အများသူငှာနဲ့ သဟဇာတရှိပြီး သင်ရဲ့ လုပ်ဖေါ်ကိုင်ဖက် တွေနဲကလည်း ကျေလည်စွာဆက်ဆံတတ် ပါတယ် ။သင်မိတ်ဆက်ပေးလာသမျှ လုပ်ဖေါ်ကိုင်ဖက် မိန်းကလေးတွေကိုလည်း ဘယ်တော့မှ သံသယမျက်လုံးနဲ့ မကြည့်ပဲ သူငယ်ချင်းဖြစ်အောင် ဆွဲဆောင်သိမ်းသွင်း တတ်ပါသေးတယ်နော်  ။

လေးစားစွာဖြင့် ခရစ်ဒက် : ချစ်တဲ့ မနုဿ