Sports

ယူနိုက်တတ်နဲ့ ဂျက်ဂရီးလစ်ချ် အပြောင်းရွှေ့ကိစ္စ

ယူနိုက်တတ်အသင်းကတော့ ဂျက်ဂရီးလစ်ချ် ခေါ်ယူဖို့ မျက်စိကျနေတာ ကြာဘီပေါ့ ပြောရမယ်ဆိုရင် ဆန်ချို ၊ ကာမာဗင်ဂါဆိုတဲ့ ၁၈နှစ်သားလေး ပြင်သစ်ကြယ်ပွင့်၊ ခေါ်ယူဖို့ ရည်ရွယ်ခဲ့တာက ယူနိုက်တတ်အနေနဲ့ သတင်းတွေ မကြာခနဆိုသလို့ ထွက်ပေါ်နေတာပါ ကစား သမား အများအပြားနဲ့ ယူနိုက်တတ်ချိတ်ဆက်နေတာတွေ ရှိပါတယ်။

အင်္ဂလန် ကွင်းလယ်တိုက်စစ် ကစားသမား
ဂျက်ဂရီးလစ်ချ်ကတော့ ဗီလာအသင်းမှာ ခြေစွမ်းပြသနေတဲ့ ပုံစံကောင်းတွေက အမြင့်ပိုင်း အနေအထားမှာ ရပ်တည်နေတာပေါ့ ဂျက်ဂရီးလစ်ချ်အနေနဲ့ အက်စ်တွန်ဗီလာအသင်းအတွက် ပရီးမီးယားလိဂ် (၇) ပွဲ ကစားပြီးချိန်မှာ သွင်းဂိုး (၄) ဂိုးအထိ သွင်းယူထားသလို ဂိုးဖန်တီးမှု (၅) ကြိမ်အထိ ပြုလုပ်ထားသူ ဖြစ်ပါတယ်။

ဂျက်ဂရီးလစ်ချ်ကိုပြီးခဲ့တဲ့ အပြောင်းအရွှေ့ ဘောလုံးရာသီမှာတည်းက ယူနိုက်တက် အသင်းက စိတ်ဝင် စားနေတာပဲဖြစ်ပါတယ်။

ယူနိုက်တက်အသင်းသည် အက်စ်တွန်ဗီလာအသင်းအတွက် ခြေစွမ်းကောင်းတွေ ပြသနေတဲ့ အင်္ဂလန်ကြယ်ပွင့် ကွင်းလယ် ကစားသမား ဂျက်ဂရီးလစ်ချ်ကို လာမဲ့ဆောင်းရာသီဈေးကွက်မှာ ခေါ်ယူဖို့ ကြိုးပမ်းသွားမယ်လို့ Manchester Evening News က ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း ပေါလ်ပေါ့ဂ်ဘာကို လက်လွှတ်ရနိုင်တဲ့ အခြေအနေကို ရောက်လာမှသာ အပြောင်းအရွှေ့ကို အကောင်အထည်ဖော်မှာဖြစ်ကြောင်းလည်း သိရပါတယ်။

PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode





PHOTOS CREDIT TO OWNERS
SPORTS GABER