Sports

ယူနိုက်တတ်နဲ့ပတ်သက်ခဲ့သမျှ ပထမဆုံး ဖွင့်ဟပြောခဲ့တဲ့ စမောလင်း

ခံစစ်မှူးဟောင်း Chris Smalling နဲ့ Exclusive Interview မှာ ယူနိုက်တတ်နဲ့ပတ်သက်ခဲ့တဲ့ အကြောင်းအရာတွေ ပြောပြလာခဲ့ပါတယ် ဒါက သူ့အတွက် ပထမဆုံး ဖွင့်ဟခဲ့တာဖြစ်ပြီး ယူနိုက်တတ်အသင်းအနေနဲ့ သူ့အပေါ် ချစ်ခင် လေးစားမှုတွေနဲ့ ကစားသမားဘဝကို ကုန်ဆုံးချင်တာ ဖြစ်မယ်ထင်ပါတယ် ကျွန်တော် ဘယ်နေရာပဲ ဖြစ်ဖြစ် ယူနိုက်တတ်မှာ ကစားရတာ ပျော်တယ် အရံလူစရင်းနဲ့ ပါဝင်ခဲ့ရင်တောင် ကျေနပ်ပါတယ်ဆိုခဲ့ပါသေးတယ်။

အမှန်တိုင်း ဝန်ခံရရင် ကျတော် ယူနိုက်တတ်မှာပဲ နေချင်ခဲ့ပါတယ် တတိယဦးစားပေးအဖြစ် ရှိနေရရင်တောင် ကျတော် ပြောင်း ဖြစ်မှာ မဟုတ်ပါဘူး
တချို့သူငယ်ချင်းတွေက ကျတော့်ကို ပြောလာတယ် မင်း ထွက်ရတော့မယ် မကြာတော့ဘူးပေါ့ ဒါနဲ့ ပတ်သက်ပြီး နည်းပြနဲ့ စကားနည်းနည်း ပြောကာ ကျတော် အီတလီကို သွားဖို့ ဆုံးဖြတ်လိုက်ရပါတယ်။

ရိုးမားသို့​ပြောင်းရွှေ့သွားခဲ့သော ခံစစ်မှုး Chris Smalling ၏ ပြောင်းရွှေ့ကြေးမှာ [ယူရို၁၅သန်း + အပိုဆုကြေး၅သန်း] ဖြစ်ပါတယ် သို့သော် Smalling ၏ စာချုပ်တွင် ရိုးမားအသင်းထည့်သွင်းခဲ့သောအချက်(၂)ချက်မှာစိတ်ဝင်စားဖွယ်ရာပင်ဖြစ်သည်။

ပထမအချက်မှာ အဓိကပြောင်းရွှေ့ကြေးဖြစ်သောယူရို(၁၅)သန်းကို ယူနိုက်တက်ဒ်အားတစ်ကြိမ်တည်းပေးချေမည်မဟုတ်ဘဲ နောင်လာမည့်(၄)နှစ်အတွင်းခွဲ၍ပေးချေနိုင်သောအချက်ဖြစ်သည်။

အပိုဆုကြေးအတွက်ထည့်သွင်းခဲ့သောဒုတိယအချက်မှာ ပို၍စိတ်ဝင်စားဖွယ်ရာပင်ဖြစ်ပါတယ်

ရိုးမားအသင်းချန်ပီယံလိဂ်ချန်ပီယံဖြစ်ပါက အပိုဆုကြေး(၅)သန်းကို မန်ချက်စတာယူနိုက်တက်ဒ်ထံပေးအပ်သွားမှာဖြစ်ပါတယ်

PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode







PHOTOS CREDIT TO OWNERS
SPORTS GABER