Sports

မန်ယူအသင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့၏ ပစ်မှတ်

ဒီတပတ်မှာတော့ ပရီးမီးယားလိဂ် အသင်းကြီးဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တတ် နဲ့ စပိန်အင်အားကြီး ရီးယဲလ်မက်ဒရစ်အသင်းတို့က အပြိုင်အဆိုင် ပစ်ထား ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ ဝူလ်ဗာဟမ်တန်အသင်း၏ တောင်ပံ ကစားသမား အဒါမာထရာအိုရေးကို အဓိက ပစ်မှတ်ထားနေကြောင်း နိုင်ငံတကာ အားကစားသတင်း ဌာနတွေက ဖော်ပြလာပါတယ်။

အဒါမာထရာအိုရေးအနေနဲ့ ဝူလ်ဗာဟမ်တန်အသင်းမှာ ပျော်ရွင်နေတာ သိရပါတယ် ယင်းကစားသမားအနာဂတ်အတွက် ပြောင်းရွှေ့ဖို့ ကစားဖို့ ပြောကြားထားတာ မရှိသေးဗေမဲ့ စပိန်အခြေစိုက် သတင်းစာ Mundo Deportivo ၏ ရေးသားချက်အရ မန်ချက်စတာယူနိုက်တက်အသင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့က ကစားသမား၏ အရိပ်အခြေအနေအား မပြတ်စောင့်ကြည့်မှု ရှိနေကြာင်း ရေးသားထားသည်။

ဆက်စပ်သတင်းတစ်ပုဒ်အရ မန်ချက်စတာယူနိုက်တက်အသင်း ပေါ့ဘာကို ရီးယဲလ်သို့ လက်လွှတ်ရပါက Camavinga ကိုခေါ်ယူသွားမှာဖြစ်တယ်လို့ ကြားသိရပါတယ်။ ဒါပေမယ့် ယူနိုက်တက်တို့အနေနဲ့ Camavinga ကိုခေါ်ယူဖို့ ပီအက်စ်ဂျီ၊ ဂျူဗင်တပ်တို့နဲ့ အားပြိုင်သွားရဖွယ် ရှိနေပါတယ်။

Rennes အသင်းက Camavingaဟာ ပြင်သစ် လက်
ရွေးစင် သမိုင်းတလျှောက်မှာအငယ်ဆုံး ကစားသမား တစ်ယောက်ဖြစ်ပြီး ပြင်သစ်နဲ့ ပွဲဦးထွက်မှာပဲ ဂိုးသွင်းယူနိုင်ပါတယ်။

စမောလင်းက ယူနိုက်တတ်နဲ့ ပတ်သက်ခဲ့မျှ ပထမဆုံး ရင်ဖွင့်စကား ပြောကြားခဲ့ပါတယ် ။

ခံစစ်မှူးဟောင်း Chris Smalling နဲ့ Exclusive Interview မှာ ယူနိုက်တတ်နဲ့ပတ်သက်ခဲ့တဲ့ အကြောင်းအရာတွေ ပြောပြလာခဲ့ပါတယ် ဒါက သူ့အတွက် ပထမဆုံး ဖွင့်ဟခဲ့တာဖြစ်ပြီး ယူနိုက်တတ်အသင်းအနေနဲ့ သူ့အပေါ် ချစ်ခင် လေးစားမှုတွေနဲ့ ကစားသမားဘဝကို ကုန်ဆုံးချင်တာ ဖြစ်မယ်ထင်ပါတယ် ကျွန်တော် ဘယ်နေရာပဲ ဖြစ်ဖြစ် ယူနိုက်တတ်မှာ ကစားရတာ ပျော်တယ် အရံလူစရင်းနဲ့ ပါဝင်ခဲ့ရင်တောင် ကျေနပ်ပါတယ်ဆိုခဲ့ပါတယ်။

PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode







PHOTOS CREDIT TO OWNERS
SPORTS GABER