Sports

နည်းပြဆိုးလ်ရှားအတွက် ရှုံးနိမ့်လို့မရတဲ့ ပွဲ

အခုပြောပြသွားမှာက ပရီးမီးယားလိဂ် ပွဲစဥ်( ၉ ) ဖြစ်တဲ့ ယခုည ၂:၃၀ မှာ ယှဥ်ပြိုင်ကစားသွားဖို့ရှိတဲ့ မန်ချက်စတာယူနိုက်တတ်နဲ့ ဝက်စ်ဘရွန်းပွဲ စဥ်ဖြစ်ပါတယ် ဒီပွဲက လက်လွတ်လို့မရတဲ့ ပွဲပေါ့ အကြောင်းက အိမ်ကွင်း နိုင်ပွဲမရှိသေးတဲ့ ယူနိုက်တတ် ပြိုင်ဘက်ကလည်း တန်းတတ် လာပြီး ရုန်းကန်နေတဲ့ အသင်း အားပြိုင်ရမှာဆိုတော့ သေချာတာတစ်ခုက အိပ်ရေပျက်တာ တန်လိမ့်မယ်ထင်တယ် နှစ်သင်းလုံးအနေအထားက ပေါ့ပျက်ပျက်ထွက်လာမှာမဟုတ်ဘူး သွေးနဲ့ ချွေးနဲ့ ထွက်လာမယ့်ပွဲ ပရိတ်သတ်တွေ အတွက် ဖျော်ဖြေမှု အပြည့်အဝ ရှိမှာ သေချာပါတယ်။

ယူနိုက်တတ်အသင်း အကြောင်း အရင်းပြောရမယ်ဆိုရင် နောက်ဆုံးပြိုင်ပွဲစုံ အိမ်ကွင်း (၅)ပွဲ မှာ (၁)သာ
အနိုင်ရရှိခဲ့တာ​ကြည့်ရရင် အိမ်ကွင်းမှာ ရုန်းကန်နေရတဲ့ အနေအထားမှာ ရှိနေပါတယ် ဆိုးလ်ရှားအတွက် အရှုံးဆိုတဲ့ရလဒ် ထွက်ပေါ်လို့ မရတဲ့ ပွဲ ဖြစ်နေပါတယ်။ ယူနိုက်တတ် အနေနဲ့ ​ဒဏ်ရာရပြသနာတွေက တိုက်စစ်၊ကွင်းလယ်၊နောက်တန်း ထိ ရင်ဆိုင်နေရပါတယ်။

ဝက်စ်ဘရွန်းကတော့ တန်းတတ်ပြီ အရှုံးတွေနဲ့ ရင်ဆိုင်နေရတဲ့ ကာလ​ဖြစ်သလို အဝေးကွင်း နောက်ဆုံး (၄)ပွဲ ဆက် မှာ (၃)ပွဲ ရှုံးနိမ့်ထားပါတယ် တစ်ခုရှိတာက ဝက်စ်ဘရွန်းအသင်းကတော့ အသင်းကြီးတွေနဲ့ တွေ့ ရင် ခြေစွမ်းက ပိုကောင်းမယ်လို့ ဆိုရမယ် ချယ်လ်ဆီးအသင်းနဲ့ စပါးအသင်းကို ကစားခဲ့တဲ့ ပွဲမှာ သိသာပါတယ် ချယ်လ်ဆီးကို ၃-၃ရလဒ်နဲ့ ကစားကာ စပါးအသင်း ကို 1-0နဲ့ ကပ်ရှုံး သွားခဲ့ပါတယ်။

Unicode




PHOTOS CREDIT TO OWNERS
SPORTS GABER