Sports

အသင်းအတွက်လိုအပ်နေတဲ့ အချိန်တိုင်း မည်သည့်နေရာမဆို ကစားနိုင်တယ်ဆိုတဲ့ တွမ်ဇမ်ဘီ

ယူနိုက်တက်တို့အနေ နဲ့ အဲဗာတန်ကို 1: 3 ဖြင့်အနိုင်ရခဲ့တဲ ပွဲစဉ်မှာဘဲ 67″မိနစ်မှာ ဘယ်ခြမ်းခံစစ်က လုခ်ရှောအနေနဲ့ ဒဏ်ရာရရှိခဲ့ပါတယ်။ ဘယ်ခြမ်းခံစစ်က ကစားတဲ့ တဲလက်စ်အနေနဲ့ ကိုဗစ် ဖြစ်နေတဲ့အတွက် အရန်စာရင်းမှာ မပါ၀င်ခဲ့ပေ။

ထိုအခြေအနေမှာ ဘဲ နည်းပြဆိုးရှားကတော့ တွမ်ဇမ်ဘီကို လုခ်ရှောနေရာ ကို ကစားခဲ့ပါတယ်။ ထိုသို့ ကစားစေခဲ့ရတဲ့ တွမ်ဇမ်ဘီအနေကတော့ အခုလိုဘဲပြောခဲ့ပါတယ်။

‘Evertonနဲ့ပွဲမှာတုံးက ကျွန်တော်ဟာ နည်းပြက ဘယ်ခြမ်းခံစစ်ကို ကစားစေခဲ့ပါတယ်။ကျွန်‌တော်အတွက် အရန်ခုံမှာ ထိုင်နေရတဲ့အတွက် အသင်းလိုအပ်နေချိန် နေရာစုံမှာကစားနိုင်ဖို့ လိုအပ်ပါတယ်။

ဒီအတွက် ကျွန်တော့်မှာ ပြဿနာမရှိပါဘူး ဒီနေရာကို အရင်ကလည်း ကစားခဲ့ဖူးပြီး ညာခြမ်းမှာလည်း အသင့်ပါဘဲ ကျွန်တော့်အမှန်ကစားတဲ့ နေရာကတော့ ဗဟိုဖြစ်ပေမယ့် နည်းပြက လိုအပ်လာရင် နေရာတိုင်း ကစားပေးဖို့ ရှိနေပါတယ်’

အသက်23နှစ်ရှိပြီဖြစ်တဲ့ တွမ်ဇမ်ဘီဟာ ယူနိုက်တက် U18အသင်းမှာတုံးက အသင်းခေါင်းဆောင် အဖြစ် ကစားခဲ့ပါတယ်။ အခုချိန်မှာတော့ ယူနိုက်တက် အသင်းကြီးနဲ့အတူ 22ပွဲကစားထားပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode






TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER