Articles

2020 Golden Boy awardဆုကို ရရှိခဲ့တဲ့ ဟာလန်း

ဒေါ့အးမွန်အသင်းရယ့် ကြယ်ပွင့် ဟာလန်းကတော့ 2020ခုနှစ်ရယ့်Golden boy awardကိုရရှိခဲ့ပါတယ်။

ဟာလန်း ဟာ ထိုဆု ကို ဒေါ့မွန် အသင်းသို့ ရောက်ရှိတဲ့ နှစ်မှာပဲ အခုလို ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။ ဥရောပ အကောင်းဆုံး လိဂ် အသီးသီးမှာ ပါဝင်ကစားနေတဲ့ အသက် ၂၁ နှစ်အောက် ကစားသမားများ ထဲက အကောင်းဆုံး ရွေးချယ်ပြီး အခုလို ချီးမြင့်ပေးတာဖြစ်ပါတယ်။ ထိုဆုကို ဘာစီလိုနာက ဖာတီ ဘိုင်ယန်မြူးနစ်က ဒေးဗီးစ် တို့ကို ကြော်ဖြတ်ကာ ရရှိခဲ့တာဖြစ်ပါတယ်။


ဟာလန်းဟာ အခုရာသီမှာ 44ဂိုးထိရယူထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်သို့ပြောင်းရွေ့ရောက်ရှိရန် နီးစပ်ခဲ့ပေမယ့်လည်း ဒေါ့မွန် အသင်းကို ရောက်ရှိသွားခဲ့တဲ့ ဟာလန်း က တော့ အသင်းတူ ကစားသမား ဆန်ချိုကိုလည်း ကျော်ဖြတ်ပြီး ဒီဆု ကို ရရှိခဲ့တာဖြစ်ပါတယ်။

ဒုတိယ ရေပန်းအစားဆုံးကစားသမားနေရာမှာတော့ ဘာစီလိုနာ အသင်းမှာ ကစားသမား ဖာတီ က ရှိနေပြီး တတိယနေရာမှာတော့ ဘိုင်ယန်မြူးနစ် အသင်း မှ ကစားသမား အပွန်ဆို ဒေးဗီးစ် ရှိနေပါတယ်။ ယူနိုက်တက် အသင်းက ခေါ်ယူဖို့ ရေပန်းစားနေခဲ့တဲ့ ဒေါ့မွန် အသင်း ကစားသမား ဆန်ချို ကတော့ စတုတ္ထနေရာမှာ ရှိနေပြီး ပဉ္စမ နေရာမှာတော့ Rennes အသင်း မှ ကစားသမား ကန်ဗင်ကာ က ရပ်တည်နေပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode





TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER