Sports

ဖာနန်ဒက်စ်သာမရှိရင် မန်ယူဘယ်အဆင့် ရောက်နေမလဲလို့ မေးခွန်းထုတ်လိုက်တဲ့ ပေါလ်စခိုး

ရုပ်သံဝေဖန်သုံးသပ်သူအဖြစ် လုပ်ကိုင်နေတဲ့ပေါလ်စခိုးကတော့ ယူနိုက်တတ်နဲ့ ပတ်ပတ်ဆက်နွယ်တဲ့ ဝေဖန်သုံးသပ်လာပါတယ် ယူနိုက်တတ်ဟာ ဒီရာသီမှာ ဝက်စ်ဘရွန်း နဲ့ မကန်ခင်မှာ အိမ်ကွင်း နိုင်ပွဲ မရရှိသေးတာလည်းဖြစ်ပါတယ် ဝက်စ်ဘရွန်း နဲ့ ပွဲမှာတော့ ဖာနန်ဒက်စ်ရဲ့တစ်လုံးတည်းသောပင်နယ်တီဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက်မှာ မန်ယူကွင်းလယ်လူဟောင်းဖြစ်တဲ့ပေါလ်စခိုးက ပေါ်တူဂီသားရဲ့အရေးပါမှုကို ချီးကျုးပြောဆိုရင်း ယူနိုက်တတ်ဟာ ဖာနန်ဒက်သာ မရှိခဲ့ရင် ယခု ချိန် ဘယ်အဆင့်မှာ ရပ်တည်နေမလဲ ဝေဖန်သုံးသပ်မေးခွန်းထုတ်လိုက်ပါတယ်။

ယူနိုက်တတ် ကွင်းလယ် ဖာနန်ဒက်စ်ကတော့ဇန်နဝါရီမှာ စပို့တင်းကနေပြောင်းရွှေ့လာ ကတည်းက ယူနိုက်တတ်​အသင်းအတွက် အရေးပါဆုံးသူတစ်ယောက် ဖြစ်လာခဲ့တာပါ။ဖာနန်ဒက်စ်ဟာ မန်ယူအတွက် ပရီးမီးယားလိဂ်မှာ အရေးပါတဲ့ဂိုးတွေသွင်းပေးနေပေမယ့် သူသွင်းခဲ့တဲ့ပရီးမီးယားလိဂ်သွင်းဂိုးထဲက ၅၀ ရာခိုင်နှုန်းဟာ ပင်နယ်တီကနေ ဖြစ်တယ်လို့ Daily mail က ဆိုပါတယ်။

ရုပ်သံဝေဖန်သုံးသပ်သူ ပေါလ်စခိုးကတော့ ဖာနန်ဒက်က ယူနိုက်တတ် အတွက် အရေးပါအရာရောက် ကစားသမားတစ်ယောက်ဖြစ်တယ် နောက်ပြီး ဆက်လက်တောက်ပဖို့ ရှိမယ် ယူနိုက်တတ်ဟာ ဖာနန်ဒက်သာ မရှိရင် ဘယ်အဆင့်မှာ ရပ်တည်နေမလဲ ဝေဖန်သုံးသပ်ရင်းမေးခွန်း ထုတ် သွားပါတယ်။

PHOTOS CREDIT TO OWNERS
SPORTS GABER