Sports

အဲရစ်ဆင်ကို ဖရက်ဒ် မဟုတ်ရင် ချာကာနဲ့ တိုက်ရိုက်လဲလှယ်မယ်

အင်တာမီလန်အသင်း၏ ကွင်းလယ်လူ ဒိန်းမတ် လက်ရွေးစင် ကစားသမားဖြစ်တဲ့ အဲရစ်ဆင်နဲ့
ယူနိုက်တက်ကွင်းလယ်လူ ဖရက်ဒ်နှင့် အာဆင်နယ်သင်းမှ ချာကာကို အင်တာမီလန်အသင်းမှ အဲရစ်ဆင်နဲ့ တိုက်ရိုက် လဲလှယ်ဖို့ ကိစ္စရပ်များ သတင်းတွေက ထွက် ပေါ်လာပါတယ်။

အဲရစ်ဆင် တစ်ယောက် အင်တာမီလန် မပြောင်းရွှေ့ခင်က စပါးအသင်းမှာ ကစားခဲ့တာဖြစ်ပြီ အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့ကြေး ပေါင်၁၇.၅သန်းနဲ့ ရောက်ရှိခဲ့ပါတယ်။

ယခုအချိန်မှာ ယင်းစကားသမားအနေနဲ့ ရုန်းကန်နေရသလို အင်တာနည်းပြ ကွန်တီကလည်း မလိုအပ်တဲ့ သဘောဆောင်ကာ ဆောင်းစျေးကွက်မှာ လမ်းခွဲကြဖို့ အစီအစဥ်ရှိနေပါတယ်။

ယူနိုက်တတ် အနေနဲ့ ဖရက်ဒ်ကို အဲရစ်ဆင်နဲ့ တိုက်ရိုက် လဲလှယ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စ တစ်ခုလို့ ပြောရမယ် ဖရက်ဒ်ကစားပုံအနေအထားက လက်ရှိအချိန် မှာ ပုံစံကောင်းတွေ ပြသထားတဲ့ ကစားသမားဖြစ်နေတဲ့ အတွက် ယူနိုက်တတ်ကတော့ ဖရက်ဒ်ကို လက်လွတ်ခံမှာမဟုတ်သလို ထိုကမ်းလှမ်ချက်နဲ့ ပတ်သက်ပြီ ငြင်းပယ်သွားဖို့ရှိပါတယ်။

အင်တာမီလန် အသင်းမှ ကွင်းလယ် ကစားသမား အဲရစ်ဆင် တစ်ယောက် အီတလီမှာ ရုန်းကန်နေရတဲ့အခြေအနေကတော့ နည်းပြရယ့် မလိုလားမှုတွေက စတင် ဖော်ဆောင်လာပါဘီ နည်းပြကတော့ အဲရစ်ဆင်ကို ယူနိုက်တတ်က ဖရက်ဒ် အာဆင်နယ် မှ ချာကာတို့နဲ့ တိုက်ရိုက် လဲလှယ်ဖို့ အီတလီသတင်း တွေက ဖော်ပြထားပါတယ်။

အာဆင်နယ်အသင်းနဲ့ သတင်းတွေအရ အဲရစ်ဆင်နဲ့ လဲလှယ်ဖို့ ဖြစ်မြှောက်နိုင်တဲ့ အခြေအနေလေးတွေရှိနေပါတယ် အဲရစ်ဆင် ကို အာဆင်နယ်က စိတ်ဝင်စားနေကြောင်း ယင်းကစားသမားရဲ့ ဆန္ယ သဘောရှိရင် ပြောင်းရွှေ့နိုင်ဖွယ်ရှိကြောင်း သိရပါတယ်။

လက်ရှိမှာ အင်တာမီလန်အသင်းမှာ ပွဲကစားခွင့်နည်းပါးနေတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား အဲရစ်ဆင်ဟာ လာမယ့်အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိနေပြီး အာဆင်နယ်အသင်းဆီရောက်ရှိဖွယ်ရှိနေတယ်လို့ သတင်းတွေက ဆိုလာခဲ့ပါတယ်။

PHOTOS CREDIT TO OWNERS
SPORTS GABER