Sports

ကစားသမားဘဝထက် ဝင်ငွေပိုရရှိနေတဲ့ ယူနိုက်တတ်ကစားသမားဟောင်း ဘက်ခမ်း

မန်ယူ၊ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီ၊ အေစီမီလန်၊ ဂလက်ဆီ တို့မှာ ကစားခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်းဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းကတော့ လက်ရှိအချိန်မှာ FIFA 21 ဘောလုံး ဂိမ်းထဲမှာ ယခင် ကစားခဲ့စဥ်က အသင်းဝင်ငွေထက် ကြမ်းတဲ့ လစာတွေရရှိနေပါတယ် ကစားသမားဘဝ ထက် ပိုဝင်တဲ့ လစာ ပိုမိုရရှိတဲ့သူအဖြစ် ပါဝင်လာပါတယ်။

ဘက်ခမ်းဟာ EA Sports’ football seriesထဲမှာပါဖို့ ၃ နှစ်စာချုပ်လက်မှတ်ရေးထိုးထားသူ ဖြစ်ကာ ဘက်ခမ်းဟာသူ့ရဲ့ကိုယ်ပိုင်အမှတ်တံဆိပ်ပုံစံဖြစ်တဲ့ Beckham Edition မှာမျက်နှာဖုံးရှင်ဖြစ်လာပါတယ်။

ဘက်ခမ်းနဲ့ EA Sports နဲ့သဘောတူညီချက်အရ တစ်ပတ်လစာဟာပေါင် ၂၅၆၀၀၀ ဖြစ်ပါတယ်
ယခင်က ကစားခဲ့ မန်ယူ၊ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီ၊ အေစီမီလန်၊ ဂလက်ဆီတို့မှ ရရှိတဲ့ တပတ်လုပ်ခထက်ပိုမိုရရှိနေတာလည်းဖြစ်ပါတယ်။

EA Sports အနေနဲ့ ဘက်ခမ်း ကိုအသုံးပြုဖို့အတွက် ၃ နှစ်စာ ပေါင်သန်း ၃၀ နဲ့ကမ်းလှမ်းခဲ့တာပါ ယင်းကမ်းလှမ်းမှုအတွက် ဘက်ခမ်းကလွယ်ကူစွာ သဘောမတူခဲ့သလို ၃နှစ်စာအတွက် ပေါင်သန်း ၄၀ တောင်းဆိုခဲ့ပြီ EA Sportsနဲ့ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode





PHOTOS CREDIT TO OWNERS
SPORTS GABER