Sports

ဝီလီယံကို အပြောင်းအရွှေ့စျေးကွက်မှာအဌားခေါ်ဖို့ ရှိတဲ့ ဆောက်သမ်တန်

ဆောက်သမ်တန် အသင်းအနေနဲ့ ယူနိုက်တတ်အသင်းရဲ့ ဘယ်နောက်ခံလူ နေရာမှာပုံစံ ကောင်းတွေပြသနေတဲ့ အကယ်ဒမီ ထွက် ကစားသမားတစ်ဦးလေး​ဖြစ်တဲ့ ဝီလီယံကို ဇန်နဝါရီလ အပြောင်းအရွှေ့စျေးကွက်မှာအဌားခေါ်ဖို့ ရှိနေပါတယ် ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလတုန်းကလည်း ဆောက်သမ်တန်အသင်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပါသေးတယ် ဒါပေမဲ့ ယူနိုက်တတ် ကစားသမားဝီလီယံကိုယ်တိုင်က ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့ပါတယ်။

ယူနိုက်တက်ဘယ်နောက်ခံလူ ဝီလီယံကိုအငှားခေါ်ယူဖို့ ပြန်လည်ကြိုးပမ်းမည်ဟု သတင်းတွေ ထွက်​ပေါ်လာခဲ့ပြီး ​ဆောင်းစျေးကွက်မှာ ဝီလီယံ တစ်ယောက် ဆောက်သမ်တန်အသင်းကို အဌားနဲ့ရောက်ရှိခဲ့မလား နွေအပြောင်းအရွှေ့စျေးကွက်တုန်းကလို ဝီလီယံ ငြင်းဆန်မလား စောင့်ကြည့်ဖွယ်ရှိနေပါတယ်။

ဆက်စပ်သတင်းအရ အင်တာမီလန်အသင်း၏ ကွင်းလယ်လူ ဒိန်းမတ် လက်ရွေးစင်ကစားသမားဖြစ်တဲ့ အဲရစ်ဆင်နဲ့ ယူနိုက်တက်ကွင်းလယ်လူ ဖရက်ဒ် ကို အင်တာမီလန်အသင်းမှ အဲရစ်ဆင်နဲ့ တိုက်ရိုက် လဲလှယ်ဖို့ ကိစ္စရပ်များ သတင်းဌာန​တွေက ထွက် ပေါ်လာပါတယ်။

အဲရစ်ဆင် တစ်ယောက် အင်တာမီလန် မပြောင်းရွှေ့ခင်က စပါးအသင်းမှာ ကစားခဲ့တာဖြစ်ပြီ အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့ကြေး ပေါင်၁၇.၅သန်းနဲ့ ရောက်ရှိခဲ့ပါတယ် ယခုအချိန်မှာ ယင်းစကားသမားအနေနဲ့ ရုန်းကန်နေရသလို အင်တာနည်းပြ ကွန်တီကလည်း မလိုအပ်တဲ့ သဘောဆောင်ကာ ဆောင်းစျေးကွက်မှာ လမ်းခွဲကြဖို့ အစီအစဥ်ရှိနေပါတယ်။

PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode





PHOTOS CREDIT TO OWNERS
SPORTS GABER